မြန်မာဘက်က ကတိပျက်နေပြီး ပြုပြင်ပြောင်းလဲရေး မပီပြင်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝေဖန်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ကျယ်ကျယ်ပြန့်ပြန်ဖြစ်မလာသေး ဘဲ မြန်မာဘက်က အမေရိကန် အား ပေးခဲ့ သည့် ကတိကဝတ်များ ပျက်ကွက်နေဆဲဖြစ်ကြောင်း မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အမေရိကန် လက်ထောက် နိုင်ငံခြား ရေး ဝန်ကြီးဟောင်း ဒေါက်တာ ကာ့တ်ကမ်းဘဲလ် က ဝေဖန်လိုက်သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာနေသော မြန်မာနိုင်ငံတွင် စိန်ခေါ်မှုများစွာရှိနေကြောင်း၊ ပြုပြင်ပြောင်း လဲရေး သည် အားလုံးခြုံ၍ ဖြစ်မလာသေးကြောင်း လက်ထောက် နိုင်ငံခြားရေး တာဝန်ယူခဲ့စဉ်ကပင် မြန် မာနိုင်ငံနှင့် အမေရိကန်ပြည် ထောင်စု အကြား သံတမန်ဆက်ဆံရေး ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး မြန်မာဘက်က
ပေးအပ်ခဲ့သည့် ကတိများ ယခုထိ ပျက် ကွက်နေဆဲဖြစ်နေကြောင်း ကာ့တ်ကမ်းဘဲ လ်က ထောက်ပြသွားသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ The Stimson Center တွင် စက်တင် ဘာ လ ၁၁ ရက်နေ့ က East Asia Program က ကြီးမှူးကျင်းပသည့် ၂ဝ၁၁ ခုနှစ်ကတည်း မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်း လဲမှု များနှင့် အသွင် ကူးပြောင်းရေးကိစ္စကို စက်တင်ဘာလ ၁၁ ရက်နေ့က ဆွေးနွေးကြရာတွင် ယခင်
အမေရိကန်လက် ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ကာ့တ် ကမ်းဘဲလ်လည်း ထိုကဲ့သို့ ထည့်သွင်း
ဆွေးနွေးသွားခြင်းဖြစ်သည်။

မူရင်း သတင်းနှင့် TV / Report

မှတ်ချက်များ