ပြင်းထန်သည့် လင်မယား ရန်ပွဲများနှင့် စိတ်ဓာတ် ကျဆင်းမှုများက ကိုယ် အလေးချိန်ကို တိုးစေနိုင်ကြောင်း သိရသည်။ အိမ်ထောင်ဖက် နှင့် ရန်ဖြစ် စကားများခြင်း စိတ်ဖိစီးစရာများ ရှိနေခြင်းတို့က အရွယ် ရောက်သူ များကို ကိုယ်အလေးချိန် တိုးလာစေနိုင်ကြောင်း သိရသည်။
အိမ်ထောင်ဖက် နှင့် စကားများပြီး စိတ်ညစ်စရာများ ရှိနေသော အမျိုးသား အမျိုးသမီးများသည် ငြင်းခုံရန်
ဖြစ်မှု နည်းသည့် စုံတွဲများထက် ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းခြင်းသည် ၀ိတ် တက်လာစေသည့် အကြောင်း ဖြစ်ကြောင်း သိရသည်။ ရန်အဖြစ်များ သူများသည် စိတ်ဖိစီးသဖြင့် ခန္ဓာကိုယ် ဇီဝစနစ် အား နည်းခြင်းသည် ကယ်လိုရီ လောင်ကျွမ်းမှု အားနည်း စေသည့် အကြောင်းရင်း ဖြစ်သည်။
ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းခြင်းကြောင့် တစ်နှစ်လျှင် (၁၂) ပေါင် တိုးနိုင်ကြောင်း သိရသည်။
အစား စားချိန်သည် ပြဿနာရှိသော အိမ်ထောင်ရေး များတွင် မကျေလည်မှုများ ထပ်တိုး စေနိုင်သည့် အချိန်လည်း ဖြစ်သဖြင့် ရန်လိုမှုနှင့် စိတ်ဓာတ် ကျဆင်းမှုများက အစာ ချေဖျက်မှုကို အနှောင့်အယှက်
ဖြစ်စေနိုင်ကြောင်း သိရသည်။
အိမ်ထောင်ဖက် နှင့် ရန်ဖြစ် စကား များခြင်းမှာ ၀မ်းနည်းစရာ တင်မကဘဲ နှလုံးကိုပါ ထိခိုက် စေကြောင်း လည်း သိရသည်။
လေ့လာမှု စစ်တမ်းကို အိုဟိုင်းရိုး ပြည်နယ် တက္ကသိုလ်မှ သုတေသန ပညာရှင် ဂျန်ကီးကိုး-ဂလေဆာ နှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
messenger

မှတ်ချက်များ