မန္တလေးရှိ လမ်းအချို့လမ်းကြောစနစ်ပြောင်းလဲ အသုံးပြုရန် စီစဉ်
မန္တလေးမြို့ရှိ မြို့တွင်း လမ်းအချို့ကို လမ်းကြောစနစ် ပြောင်းလဲရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
ဈေးချိုတော်တစ်ဝိုက်နှင့် ၇၈ လမ်းတစ်ဝိုက်တွင် တစ်လမ်း မောင်းနှင့် နှစ်လမ်းမောင်းလမ်း များသတ်မှတ်ရ န် စီစဉ်နေခြင်း ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင်ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအစည်း အဝေး ၌ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော် ဆန်းကပြောကြားသည်။ အဆို ပါလမ်း များမှာ ၈၄ လမ်း၊ ၈၃ လမ်း၊ ၈၂ လမ်း၊ ၈၁ လမ်း၊ လမ်း ၈၀၊ ၃၆ လမ်း၊ ၃၇ လမ်းတို့ဖြစ်ပြီး တစ်လမ်းေ မာင်းနှင့် နှစ်လမ်း မောင်းလမ်းများအဖြစ် အသီးသီး ပြောင်းလဲရန် စီစဉ်နေခြင်းဖြစ် သည်။
မန္တလေးမြို့သည် ယခင်က စက်ဘီးမြို့တော် ဖြစ်ခဲ့သော် လည်း စက်ဘီးအစား ဆိုင်ကယ် များအစားထိုး သုံးစွဲလာသော ကြောင့် ယာဉ်ကြောကျပ်တည်းမှု မရှိစေရန် ရေရှည်အတွက် စဉ်း စားကာ ဆောင်ရွက် ရခြင်းဖြစ် ကြောင်း မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းက ပြောကြား သည်။ ထို့အပြင် ၄၂ လမ်း ခုံး
ကျော်တံတားကိုလည်း စက်ဘီး၊ ဆိုင် ကယ်များပြန်လည်ဖြတ်သန်းခွင့် ပေးရန် တိုင်းဒေသကြီးဝန်ကြီး ချုပ်ထံသို့ တင်ပြမည်ဖြစ်ကြောင်း ၀န်ကြီးဦးကျော်ဆန်းက ပြော ကြားသည်။
ထို့အပြင်အဆိုပါအစည်းအ ဝေးတွင် တစ်လမ်းမောင်းစနစ်အ ပြင် လူကူးမျဉ်းကျားများပြန်လည် ရေးဆွဲ
ပေးရန်၊ စက်ဘီး၊ ဆိုင်ကယ်လမ်းများတွင် လမ်းမီးတိုင်များ စိုက်ထူပေးရန်၊ မြို့ပေါ်အရောင်း ဆိုင်များ လုံလောက်သည့် ကားပါ ကင်ရှိစေရန်အစရှိသည့် ကိစ္စများ ဆွေးနွေးခဲ့ကြသည်။
မန္တလေးမြို့တွင် ၂၀၁၄ အောက်တိုဘာလကုန်အထိ မော် တော်ယာဉ်အစီးရေ စုစုပေါင်း ရှစ်သိန်းကျော် ရှိပြီး ခြောက်သိန်း ကျော်မှာ ဆိုင်ကယ်များဖြစ် သည်။ ယခုလက်ရှိ မန္တလေးမြို့ တွင် ချမ်းအေးသာစံ မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ လမ်းမခုနစ်ခုစီကို တစ်လမ်း မောင်းစနစ်ပြုလုပ်ထားသည်။
7day

မှတ်ချက်များ