ထိုင်းခရီးသွားဌာနရဲ့ဗျူဟာမြောက်ရုပ်သံ ‘I Hate Thailand’
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ‘I Hate Thailand’ ဆိုတဲ့ ရုပ်သံက အွန်လိုင်းမှာ ကြည့်ရှုသူ တသန်းကျော် ရှိတဲ့ အထိ လူကြည့်များသွားပါတယ်။
ထိုင်းအစိုးရ ခရီးသွားလုပ်ငန်းဌာနရဲ့ ၅ မိနစ်ကြာ ဝါဒဖြန့် ရုပ်သံပါ။
မေလ စစ်အာဏာသိမ်းမှု၊ စက်တင်ဘာလက ဗြိတိသျှ ခရီးသွား ၂ ဦး လိပ်ကျွန်းမှာ ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုတို့ကြောင့် ထိခိုက်သွားတဲ့ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ပြန်အဖတ်ဆည်တဲ့ ဗျူဟာပဲဖြစ်တဲ့အ
ကြောင်း http://www.irrawaddy.org/asia/new-thai-tourism-strategy-hate-thailand.html မှာ ရေးထားပါတယ်။
ရုပ်သံမှာတော့ ဗြိတိသျှခရီးသွားတယောက် အိတ်ပျောက်ပြီး ကမ်းခြေမှာ “I hate this place. I hate Thailand” ဆိုပြီး ဒေါသတကြီး စကားပြောနေပုံကို တွေ့ရပါမယ်။
ဆွဲဆောင်မှုကြီးတဲ့ထိုင်းအမျိုးသမီးတယောက်နဲ့ တွေ့အပြီးမှာတော့ သူက ထိုင်းနိုင်ငံကိုနှစ်သက်ဖို့ဖြစ်လာ ပါတော့တယ်။ နောက်ဆုံးမှာတော့ ဒီလူက သူ့ကိုယ်သူ သပ်သပ်ယပ်ယပ်ဖြစ်အောင်လုပ်၊ ရှိုးထုတ်ပြီးဒေ သခံတွေနဲ့ အဆင်ပြေအောင် နေတယ်၊ မိတ်ဖွဲ့တယ်၊ ပိုက်ဆံအိတ်တို့ နိုင်ငံကူးလက်မှတ်တို့ ထည့်ထားတဲ့ သူ့အိတ်လည်း ပြန်တွေ့သွားပါတယ်။
ဒီရုပ်သံထဲကဇာတ်လမ်း အပြင်မှာ တကယ်ဖြစ်ခဲ့သလိုမျိုး ဒေသခံ သတင်းဌာနအများအပြားက ရေးကြ သားကြအပြီးမှာတော့ ထိုင်းခရီးသွားဌာနက အဲဒါ သူတို့ ရိုက်ကူးထားခြင်းဖြစ်ကြောင်း တနင်္လာနေ့မှာ သ တင်းထုတ်ပြန်ရပါတယ်။
ဒီရုပ်သံရဲ့ရည်ရွယ်ချက်ကတော့ ထိုင်းလူမျိုးတို့ရဲ့ဧည့်ဝတ်ကျေပွန်မှုအကြောင်း တင်ပြရေးပဲဖြစ်ပါတယ်တဲ့။
သမားရိုးကျကြော်ငြာတွေထက် ကုန်ပစ္စည်းနာမည်မထိုးတဲ့ကြော်ငြာတွေက ပိုပြီး လူစိတ်ဝင်စားမှုများပြား တယ်ဆိုတဲ့ တွေ့ရှိချက်ကို အခြေခံပြီး ဒီလို ရုပ်သံ ထုတ်လုပ်ခဲ့ခြင်းပါပဲလို့ ဆိုတယ်။
ထိုင်းရဲ့ခရီးသွားလုပ်ငန်းဟာ နိုင်ငံ့ဝင်ငွေရဲ့ ၇ ရာခိုင်နှုန်းကို ရှာဖွေပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ထိုင်းဟာ နှစ်ပေါင်းများစွာအတွင်း မကြုံဖူးအောင် ကျဆင်းပါတယ်။
ယမန်နှစ်တုန်း က ထိုင်းကို လာရောက်သူ အရေအတွက်က ၂၇ သန်း နီးပါး ရှိခဲ့ပါတယ်။
ဇာနည်ဝင်း | ဧရာဝတီ

မှတ်ချက်များ