မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးရေးအတွက် နည်းပညာနှင့် ကျွမ်းကျင်မှု အထောက်အကူပြု အကူအညီများပေး ရန် အသင့်ရှိနေကြောင်း နော်ဝေနိုင်ငံ ဘုရင်ထုတ်ပြော


မြန်မာနိုင်ငံအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အတွက်နည်းပညာနှင့် ကျွမ်းကျင်မှုအထောက်အကူပြုကူညီ ထောက်ပံ့မှုများပေးအပ်သွားရန် နော် ဝေနိုင်ငံသည် အဆင်သင့်ရှိနေသည်ဟု ဒီဇင်ဘာ၂ရက်က ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နော်ဝေဘုရင်မင်းမြတ်ဟယ်ရယ်က ပြောကြားလိုက်သည်။

နော်ဝေဘုရင်မင်းမြတ်သည် မြန်မာနိုင်ငံသို့နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အဖြစ်လာရောက်လည်ပတ်ခဲ့ပြီး ဒီဇင်ဘာ၂ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌မိန့်ခွန်းပြောကြားခဲ့ရာမှအထက်ပါအတိုင်း
ပြော ကြားခဲ့ ခြင်းဖြစ်သည်။

''မြန်မာနိုင်ငံဟာအခုဆိုရင်အသွင်ကူးပြောင်းမှုတွေလုပ်နေပါပြီ။ဒါ ကြောင့်လဲနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လဲ အဘက်ဘက်ကလိုအပ်ချက်တွေအများကြီးရှိနိုင်ပါတယ်။ကျွန် တော်တို့ နော်ဝေနိုင်ငံကတော့ မြန်မာနိုင်ငံ တိုးတက်ဖို့နည်းပညာနဲ့ကျွမ်းကျင်မှုအထောက်အကူတွေကို ထောက်ပံ့ ပေးသွားဖို့အဆင်သင့်ပါ ပဲ။ နော်ဝေနိုင်ငံကိုတည်ထောင်ခဲ့တဲ့အတွေ့အကြုံ တွေလဲမျှဝေပေးသွားပါမယ်''ဟု နော်ဝေဘုရင်မင်းမြတ် ဟယ်ရယ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်ဖွံ့ဖြိုးရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲမယ့် စွမ်းအင်ထုတ်လုပ်ရရှိနိုင်ရေးနှင့် ကျေး လက်ဒေသ လျှပ်စစ်ဓာတ် ရရှိနိုင်ရေးတို့သည် လည်းမရှိမဖြစ်လိုအပ်ချက်များ ဖြစ်သည်ဟု ၄င်းကပြော သည်။

အဆိုပါရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ နော်ဝေဘုရင်နှင့်အတူ ကြင်ယာတော်မစ္စစ်ဆိုနီယာ၊ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာခင်စန်းရီ၊ ပြည် ထောင်စု ဝန်ကြီး ဦးစိုးသိမ်းနှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အောင်သူတို့ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ပါမော က္ခချုပ်ဒေါက်တာအောင်သူနှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာခင်စန်းရီတို့ကလည်းအ ဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

နော်ဝေဘုရင်မင်းမြတ်ဟယ်ရယ်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်အကူအညီများ ပေး အပ်သွားမည် ဖြစ်သလိုစီးပွားရေးလုပ်ငန်းများကိုလည်း အတူတကွပူး ပေါင်းတိုးချဲ့ ဆောင်ရွက်သွားရန် မျှော်လင့်ထားပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးနှင့်ပတ်သက်၍ David taw ပညာသင်ဆုကို ပေးအပ်သွားမည်ဆို ကြောင်းတရားဝင်ကြေညာခဲ့သည်။

အဆိုပါ David Taw ပညာသင်ဆုသည် မြန်မာနိုင်ငံသားကရင်လူမျိုး ဒေးဗစ်တောကိုဂုဏ်ပြုပေးအပ် သော ပညာသင်ဆုဖြစ်သောကြောင့် ဒေးဗစ်တောကဲ့သို့ ငြိမ်းချမ်းရေးကိုလိုလားပြီး ငြိမ်းချမ်းရေးအတွက် အစဉ်တ စိုက်ကြိုးစားအားထုတ်ရန် ခိုင်မာသောဆုံးဖြတ်ချက် ချထားသည့်မည်သည့် ကျောင်းသား၊ ကျောင်းသူမဆို ၄င်း David Taw ပညာသင်ဆုကို လျှောက်ထားနိုင်သည်။

ယင်းပညာသင်ဆုကိုအသုံးပြုပြီးသမိုင်းနှင့်လူမှုဆိုင်ရာဘာသာရပ်များအားဝိဇ္ဇာနှင့်မဟာဝိဇ္ဇာအတန်းများသို့တက်ရောက်ပညာသင်ကြားနိုင်သည်ဟု နော်ဝေဘုရင်မင်းမြတ်ဟယ်ရယ်က ပြောသည်။

နော်ဝေဘုရင်မင်းမြတ်သည်ဒီဇင်ဘာ၂ရက်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်းပြောကြား ခဲ့ပြီးနောက် ဝိဇ္ဇာခန်းမတွင်သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

၎င်းမှတစ်ဆင့် မြန်မာနိုင်ငံ၏အထင်ရှားဆုံးတစ်ခုအပါအဝင်ဖြစ်သော ရွှေတိဂုံဘုရားသို့သွားရောက်လေ့လာ ခဲ့သည်။

ချစ်မင်းထွန်း | ‎TheYangonTimes‬

မှတ်ချက်များ