ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား ၁၀ မျိုး

၁ ။ Mandarin(မန်ဒရင်း - တရုတ်ဘာသာစကား)

မန်ဒရင်းဘာသာစကားကို အသုံးပြုသူဦးရေဟာ ကမ္ဘာပေါ်မှာ ၉၅၅ သန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ လူသုံးအ များဆုံး ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ မန်ဒရင်းဘာသာစကားဟာ တရုတ်နိုင်ငံနှင့်ထိုင်ဝမ်တို့ မှာအစိုးရ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်း ထားပါတယ်။ ကမ္ဘာပေါ်မှာလူဦးရေရဲ့ ၁၄.၄ ရာခိုင်နှုန်းလောက်ဟာ မန်ဒရင်းဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုနေကြပါတယ်။

၂ ။ Spanish(စပိန်ဘာသာစကား)

စပိန်ဘာသာစကားကတော့ ကမ္ဘာပေါ်မှာ ဒုတိယလူပြောအများဆုံး ဖြစ်ပါတယ်။အမေရိကမှာလဲအပြော များသလို ဥရောပမှာဆိုရင်တော့ ပိုပြီး လူသုံးများတဲ့ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ စပိန်ဘာသာစကား ကို အသုံးပြုပြီး ပြောတဲ့လူဦးရေကတော့၄၀၅ သန်းကျော်ပါတယ်။

၃ ။ English (အင်္ဂလိပ်ဘာသာစကား)

ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်ဘာသာစကား ဖြစ်ပေမယ့် သူကတော့ လူသုံးများတဲ့ အရေအတွက်အရ အဆင့် ၃ မှာပဲ ရှိပါတယ်။လက်ရှိအချိန်မှာတော့ အင်္ဂလိပ်ဘာသာစ ကားကို ပြောဆိုနေသူ လူဦးရေ သန်း ၃၆၀ ကျော်ရှိပြီး ဒီအရေအတွက်ဟာ တစ်ဖြည်းဖြည်းနဲ့တော့ တိုးပွားလာနေပါတယ်။

၎ ။ Hindi/Urdu (ဟိန္နူဘာသာစကား)

ဟိန္နူဘာသာစကားဟာ Hindi နှင့် Urdu ဆိုပြီး နှစ်မျိုးရှိပြီး နှစ်မျိုးစလုံား ရေးသားပုံချင်းကတော့ ကွာခြားပါ တယ်။ အိန္ဒိယနိုင်ငံရဲ့ ဘာသာစကားတစ်မျိုးဖြစ်သလိုကမ္ဘာလူဦးရေရဲ့ သန်း ၃၁၀ ကျော်ဟာ Hindu သို့မ ဟုတ် Urdu တစ်မျိုးမျိုးကို ဖြစ်စေ ၊နှစ်မျိုးစလုံးကို ဖြစ်စေ ပြောဆိုကြပါတယ်။

၅ ။ Arabic (အာရေဗျဘာသာစကား)

အာရေဗျဘာသာစကားကိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေရဲ့ ၂၉၅ သန်းကျော်က ပြောဆို သုံးစွဲကြပါ တယ်။ အဆိုပါ ဘာသာစကားဟာ မူဆလင်ဘာသာ ကိုကွယ်မှုနဲ့လဲ စပ်ဆက်နေပြီး ပြောဆိုကြပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှလူတွေက ပြောဆို သုံးနှုန်းကြပါတယ်။

၆ ။ Portuguese (ပေါ်တူဂီဘာသာစကား)

ပေါ်တူဂီဘာသာစကားကို ကမ္ဘာ့ပေါ်မှာ လူသန်းပေါင်း ၂၁၅ သန်းကျော်က ပြောဆိုသုံးနှုန်းကြပြီး သန်း၁၅၀
ကျော်သော လူတွေဟာ ဘရာဇီးလူမျိုး ပေါ်တူဂီတွေ ဖြစ်ပါတယ်။ ပေါ်တူဂီဘာသာစကားကို အင်ဂိုလာ ၊ မိုဇင်ဘက် အပါအ၀င် တစ်ချို့နိုင်ငံတွေမှာ အစိုးရ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။

၇ ။ Bengali(ဘင်္ဂလီဘာသာစကား)

ဘင်္ဂလီဘာသာစကားဟာ လူဦးရေ သန်းပေါင်း ၂၀၅ သန်းကျော်က ပြောဆို သုံးနှုန်း ကြပါတယ်။ ဘင်္ဂလီ ဘာသာစကားဟာ အိန္ဒိယနိုင်ငံမှာ ဒုတိယ အသုံးအများဆုံး ဘာသာစကားလဲ ဖြစ်သလိုအိန္ဒိယရဲ့ အရှေ့ ပိုင်းပြည်နယ်တွေမှာ ပိုမို အသုံးပြုကြပါတယ်။ ဘင်္ဂလီဘာသာစကားဟာ အိန္ဒိယ နှင့် ဘင်္ဂလာဒေ့ရှ် တို့ရဲ့ အစိုးရ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။

၈ ။ Russian (ရုရှားဘာသာစကား)

ရုရှားဘာသာစကားဟာ လူဦးရေ ၁၅၅ သန်းကျော်ပြေဆိုသုံးစွဲကြပြီး ကမ္ဘာပေါ်မှာ အဌမမြောက်လူသုံးအ များဆုံး ဘာသာစကားဖြစ်ပါတယ်။ ရုရှားဘာသာ စကားဟာကမ္ဘာကုလသမ္မဂအဖွဲ့ကြီးရဲ့တရားဝင်ရုံးသုံး ဘာသာအဖြစ် သတ်မှတ်ထားသော ဘာသာစကားခြောက်မျိုးထဲက တစ်ခုလဲ ဖြစ်ပါတယ်။အဆိုပါ ကုလသ မ္မဂအဖွဲ့ကြီးရဲ့ တရားဝင်ရုံးသုံးဘာသာစကားခြောက်မျိုးကတော့ အာရေဗျ ၊ တရုတ်(မန်ဒရင်း) ၊ အင်္ဂလိပ် ၊ပြင်သစ် ၊ စပိန် နှင့် ရုရှားဘာသာ စကားတို့ဖြစ်ပါတယ်။

၉ ။ Japanese(ဂျပန်ဘာသာစကား)

ဂျပန်ဘာသာစကားကိုတော့ လူဦးရေ ၁၂၅ သန်းနီးပါး ပြောဆိုကြပြီး ၁၂၄ သန်း မှာ အိုကီနာဝါကျွန်းစု နှင့် ဂျပန်နိုင်ငံတွင် နေထိုင်ကြသူများ ဖြစ်ကြပါတယ်။ ဂျပန်ဘာသာစကားမှာပထ၀ီရေမြေသဘာဝအပေါ် အခြေခံပြီး ပြောဆိုကြတဲ့ ဘာသာစကားတစ်မျိုးဖြစ်ပါတယ်။

၁၀ ။ Punjabi(ပန်ဂျာဘီ)

ပန်ဂျာဘီဘာသာစကားဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်တုန်းက ဂျမန်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိခဲ့ပြီးယခုအ ချိန်မှာတော့ လူဦးရေ ၁၀၂ သန်းကျော် ပြောဆိုနေကြပြီဖြစ်ပါတယ်။ ပန်ဂျာဘီဘာသာစကား ကို အဓိက
ပြောဆိုကြ တာတော့ အိန္ဒိယ နှင့် ပါကစ္စတန်တို့မှာ ပြောဆိုကြပြီး ကမ္ဘာလူဦးရေရဲ့ ၁.၄၄ရာခိုင်နှုန်းက မိ ခင်ဘာသာစကားအဖြစ် ပြောဆိုကြပါတယ်။

alsintl

မှတ်ချက်များ