၈ နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်ဟာ ကျောင်းကအပြန် လူစိမ်းတစ်ယောက်ရဲ့ လာရောက်ခေါ်ဆို မှုကို ခံရတယ်..။
လူစိမ်းက "သမီးအမေ အိမ်မှာ တစ်ခုခုဖြစ်နေလို့ ဒီနေ့လာမကြိုနိုင်ဘူး အဲ့ဒါကြောင့် ငါလာကြိုတာ ငါနဲ့ လိုက်ခဲ့ပါ" ဆိုပြီး ခေါ်ဆောင်ခြင်းကို ခံရတယ်..။
ခုလိုခေါ်ဆောင်မှုကို ခံလိုက်ရတဲ့ အချိန်မှာ ကောင်မလေးက ချက်ချင်းပဲ လူစိမ်းကို စကားတစ်ခွန်းပြန်မေး
လိုက်ပါတယ်..။
(( Password == လှို့ဝှက်နံပါတ် )) ပြောပါတဲ့။ အဲ့လိုအမေးခံလိုက်ရတဲ့ လူစိမ်းဟာ ရုတ်တရက်ပြန် အမေးခံလိုက်ရတော့ဘာပြောလို့ပြောရမှန်းမသိပဲ ကြောင်တောင်တောင်ဖြစ်နေတုန်းမှာပဲ ကောင်မလေးဟာ ထွက်ပြေးသွားပါတော့တယ်..။
တကယ်တော့ ကောင်မလေးနဲ့ သူ့ရဲအမေဟာ ခုလိုလာမကြိုနိုင်တဲ့ အခြေအနေမျိုးမှာ တစ်ယောက်နဲ့တစ်
ယောက်ချိတ်ဆက်ဖို့အတွက် Password ( ခြားခံလှို့ဝှက်စကား ) ထားရှိထားပြီးဖြစ်ပါတယ်။ ဒီလို
Password လေးကပဲ သူမရဲ့ဘဝကို ကယ်တင်နိုင်လိုက်တာပါ...။
ကျနော်တို့ နိုင်ငံမှာလဲ မကြာခဏကလေးတွေပျောက်နေကြတာ အားလုံးအမြင်ပါ..။ ကျနော်တို့အုပ်ထိန်း သူတွေအနေနဲ့ ဒီလို ဥပမာလေးတွေကို သင်ခန်းစာယူပြီး ကိုယ့်ရဲ့ကလေးသူငယ်တွေကို ဒီလိုအသေးအဖွဲ
လေးကအစ မမေ့မလျော့ပဲ လေ့ကျင့်ထိန်းကျောင်း ပေးထားမယ်ဆိုရင် အနည်းနဲ့အများတော့ ဖြစ်လာမယ့် အန္တရယ်ကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်..။
တကယ်လို့မေ့နေကြတယ်ဆိုရင်လည်း ခုဒီစာလေးကို ဖတ်မိပြီးတာနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ခေါ်ပြီး လုံခြုံရေး Password လေးတွေလုပ်ပေးလိုက်ကြပါလို့ အကြံပြုအပ်ပါတယ် ခင်ဗျာ...။
ရွှင်လန်းချမ်းမြေ့ကြပါစေ
ကြာသာပတေး (ရွှေမြန်မာ)

မှတ်ချက်များ