အိုင်အက်စ်အဖွဲ့ကို အစ္စလာမ်ဘာသာရေးအကြီးအကဲ ပြစ်တင်ရှုတ်ချ


အီဂျစ်နိုင်ငံရဲ့ အထင်ရှားဆုံးနဲ့ ရှေးအကျဆုံး အစ္စလာမ် ဘာသာရေး တက္ကသိုလ်ကြီးရဲ့ အကြီးအကဲက အစ္စ လာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေကို ဒီဇင်ဘာ ၃ ရက်နေ့က ပြစ် တင်ရှုတ်ချ ခဲ့ပါတယ်။

ကိုင်ရိုမြို့က Al Azhar တက္ကသိုလ်ကြီးဟာ အစ္စလာမ္မစ်ဘာသာရေး တက္ကသိုလ်ကြီး တွေထဲမှာ အလေးစား ခံရဆုံး၊ ဂုဏ်သိက္ခာအကြီးဆုံး နဲ့ ရှေးအကျဆုံး ဘာသာရေး တက္ကသိုလ်ကြီးဖြစ်ပြီး တက္ကသိုလ်ကြီးရဲ့ အကြီး အကဲဟာလည်း ကမ္ဘာလုံးက ဆွန်နီမွတ်စလင်တွေအပေါ်မှာ လွှမ်းမိုးမှုအရှိဆုံးလို့ ဆိုပါတယ်။

Al Azhar တက္ကသိုလ်အကြီးအကဲ Sheikh Ahmed al-Tayeb က အိုင်အက်စ်အကြမ်းဖက်တွေဟာ အစ္စ လာမ်ဘာသာကို ဂုဏ်သိဏ္ခာညှိုနွမ်းအောင်၊ ညစ်စွန်းအောင် လုပ်ဆောင်နေတယ်၊ ဘာသာရေးအကြောင်း
ပြပြီး လူမဆန်တဲ့ သတ်ဖြတ်မှုတွေလုပ်နေတယ်ဆိုပြီး ပြစ်တင်ရှုတ်ချခဲ့တာပါ။


ကိုင်ရိုမြို့မှာ ကျင်းပတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကွန်ဖရင့်တခုမှာ အခုလို ပြစ်တင်ရှုတ်ချခဲ့တာဖြစ်ပြီး ကမ္ဘာတ၀န်းက မွတ်စလင်တွေက အိုင်အက်စ်အကြမ်းဖက်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချနေတဲ့တချိန် တည်းမှာ အခုလို ပြစ်တင်ရှုတ်ချခဲ့တာပါ။

DVB

မှတ်ချက်များ