မက္ကဆီကိုအမျိုးသား ဦးခေါင်းပေါ် ဘောလုံးတင်ကာမိုင်ပေါင်း ၁၂ဝဝ လမ်းလျှောက်ခရီးနှင်
မက္ကဆီကိုနိုင်ငံမှာ အမျိုး သားတစ်ဦးဟာ ဘောလုံးတစ်လုံးကို ဦးခေါင်း ပေါ်တင်ပြီး မိုင်ပေါင်း ၁၂ဝဝခန့် လမ်းလျှောက်ခရီးနှင်မှု ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။
အသက် ၆ဝအရွယ် Juan Marquez Nieto ဆိုသူဟာ ငြိမ်းချမ်းရေးလှုပ် ရှားမှုအနေနဲ့ သူ့ရဲ့ဦးခေါင်းပေါ်ကို ဘော လုံးတင်ကာ မိုင် ၁၂ဝဝကို လမ်းလျှောက် ခရီးနှင်တာ ဖြစ်ပါတယ်။
ယခုမှာတော့ သူဟာ ၅၇ရက် ကြာ ငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် လမ်း လျှောက်ကာ ခရီးနှင်မှုပြုလုပ်ခဲ့ပြီး လွန်ခဲ့ တဲ့ တနင်္ဂနွေနေ့က မက္ကဆီကိုစီးတီးကိုရောက် ရှိနေပြီဖြစ်တယ်လို့ သိရပြီး ဆက်လက်ကာ မက္ကဆီ ကိုနိုင်ငံမြောက်ဘက်ပိုင်းကို ဒုတိယ အကြိမ်မြောက် လမ်းလျှောက် ခရီးနှင်ဦး မယ်လို့ သိရပါတယ်။
Juan ဟာ သူ့ရဲ့ဦးခေါင်းပေါ် မှာတင်ထားတဲ့ ဘောလုံးကို ဟန်ချက်ညီမျှ အောင် ထိန်းချုပ်မှုပြုလုပ်ကာ လမ်းလျှောက် ခရီးနှင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ လမ်းလျှောက်ခရီးနှင်မှုကတော့ မက္ကဆီကို နိုင်ငံ၌ ကျောင်းသား ၄၃ဦး ပျောက်ဆုံးနေမှု နဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရရဲ့ ပြန်လည် တုံ့ပြန်မယ့်အဖြေကို တောင်းဆိုမှုပြုလုပ်မှာ ဖြစ်ပြီး နောက်ထပ်ချီတက်လမ်းလျှောက်မှု တွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ထူးခြားမှုတစ်ခုကတော့ ဦးခေါင်း ပေါ်မှာ ဘောလုံးကိုတင်လို့ လမ်းလျှောက် ခရီးနှင်မှုပြုလုပ်ရင်း ငြိမ်းချမ်း
ရေးလှုပ်ရှား မှု ပြုလုပ်ခြင်းဖြစ်ပါတယ်။
Yangon Media Group


မှတ်ချက်များ