ယင်လပ်ကို ထောက်ခံသူများ ဆန္ဒပြလျှင် အရေးယူမည်ဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

ရာထူးမှ ဖယ်ရှားခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကို အမှုစစ်ဆေး ကြားနာ စဉ် ယင်လပ်ကို ထောက်ခံသူများက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့လျှင် စစ်ဥပဒေဖြင့် ပြင်းပြင်း ထန်ထန်အရေးယူ
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင်က ဇန်နဝါရီ ၆ ရက်တွင် သတိပေး
 ပြောကြား လိုက်သည်။

လာမည့် သောကြာနေ့တွင် စစ်ဘက်က ခန့်အပ်ထားသည့် အမျိုးသား ဥပဒေပြု လွှတ်တော်၌ မသမာသည့် ဆန်းစပါး အရောင်းအဝယ်ကိစ္စ တစ်ခုတွင် ယင်လပ်ပါဝင်ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး သွားမည်ဖြစ် သည်။ မေလအတွင်းက ရာထူးမှဖယ်ရှားခံခဲ့ရသည့် ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့ သည့် ယင်လပ်သည် သောကြာနေ့တွင် လွှတ်တော်သို့ လာရောက်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ယင်လပ်ကို စွပ်စွဲထားသည့်ပြစ်မှုအား မဲခွဲဆုံးဖြတ်ပြီး အ တည်ဖြစ်ခဲ့ မည်ဆိုလျှင် နိုင်ငံရေးလုပ်ခွင့် ငါးနှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်သည့်အတွက် ယင်လပ်ကို
 ထောက်ခံသူ ရှပ်နီများအတွက် ဆန္ဒပြမှုများဖြစ်ပွားစေရန် လှုံ့ဆော်မှုဖြစ်သွားစေနိုင်ကြောင်း ပြောကြား ကြသည်။

''ဆန္ဒပြမှုတွေမရှိစေရပါဘူး။ ဥပဒေကို မလိုက်နာဘူးဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ အရေးယူ ဆောင် ရွက်မှုတွေ လုပ်ရပါလိမ့်မယ်။ စစ်အုပ်ချုပ်ရေးကာလမှာ ဘယ်နိုင်ငံရေးလှုပ်ရှားမှုမှ မရှိစေရပါဘူး'' ဟု ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သတင်းထောက်များကို ပြောကြားသည်။

The Mirror Daily

မှတ်ချက်များ