
မျက်ခုံးမွှေး ဆွဲရတာ တော်တော်နဲ့ ကိုယ့်စိတ်ကြိုက်မဖြစ်တဲ့အခါမျိုးလည်းရှိပါတယ်။
မျက်ခုံးမွှေးအပေါ်မူတည်ပြီး မျက်နှာရဲ့အလှက စကားပြောလာပါလိမ့်မယ်။ မျက်ခုံးမွှေးက အရမ်းသေးသွား ရင်လည်း လူကြီးပုံပေါက်သွားနိုင်ပါတယ်။
ဘယ်လို မျက်ခုံးမွှေးက အကောင်းဆုံးဖြစ်နိုင်သလဲ။ ကိုရီးယား မင်းသမီးတွေလို မျက်ခုံးမွှေးဆွဲနည်းကတော့
အောက်မှာ ဆက်ဖတ်လိုက်နော်။
၀၁. ကိုယ်လိုချင်သော မျက်ခုံးမွှေးပုံစံကို ပုံပါအတိုင် အပြင်မျဉ်းကို အရင်ဆွဲပါ။
၀၂. အပြင်မျဉ်းအပြင်မှာရှိသော မျက်ခုံးမွှေးကို ရိတ်ပါ။
၀၃. မျက်ခုံး အပေါ်တစ်ခုထဲမဟုတ်ပဲ ဘေးကိုပါ ရိတ်ပါ။
၀၄. မျက်ခုံးအောက်မှာရှိသော ပိုနေသော မျက်ခုံးမွှေးကိုလည်း ရိတ်ပါ။
၀၅. မျက်ခုံးထိပ်မှာရှိသော ရှည်နေသော မျက်ခုံးမွှေးကို ဘီးဖြင့် အောက်ကနေ အပေါ်သို့ ဖီးပြီး ထွက်လာသော မျက်ခုံးမွှေးကို ညှပ်လိုက်ပါ။
၀၆. မျက်ခုံးနောက်ပိုင်းမှာရှိသော ပိုနေသော မျက်ခုံးမွှေးကိုလည်း ပုံပါအတိုင်း ညှပ်လိုက်ပါ။
၀၇. ပြီးလျှင် မျက်ခုံးထိပ်ကိုလည်း အပေါ်မှ အောက်သို့ လှအောင် ရိတ်ပါ။
၀၈. ၀၁ ကနေ ၀၇ အထိပြီးသွားရင်တော့ ကိုရီးယားမင်းသမီးလေးတွေလို မျက်ခုံးမွှေးလှလှလေးကို ပိုင်ဆိုင်သွားမှာပါ။
ဤဆောင်းပါးလေးကို ဖြစ်မြောက်ရေးအတွက် အဓိက ကူညီ ပံ့ပိုးပေးသူကတော့ LipIce (Sheer Color) မှဖြစ်ပါတယ်။
မှတ်ချက်များ