![]() |
| လူသတ်မှု ဖြစ်ပွားတဲ့ အိမ် ။ ဓါတ်ပုံ - Zaw Shinn (FB) |
အမှု ကျူးလွန်သူများအား စစ်ကိုင်း တိုင်းဒေသကြီး ဒုတိယရဲမှူးကြီး၏ အနီးကပ်ကြီးကြပ်မှု၊ စစ်ကိုင်းရဲတပ် ဖွဲ့မှ ရဲမှူးဝင်းမြင့်၊ ဒုရဲမှူး ပြုံးလွင်၊ ရဲအုပ်ကြည်စိုး အဖွဲ့သည် အမှုစစ် မြို့မစခန်းမှူး ဒုရဲမှူး သင်္ခဝင်းဦးစီးသော အဖွဲ့နှင့် ပူးပေါင်း၍ မသင်္ကာသူ ဝေယံမင်းသူ (၂၄)နှစ် ကျောက်ပုတီး ရောင်း/ဝယ် မ(၂၂၈)နန္ဒဝန်တောင် (၁)လမ်း နန္ဒဝန်ရပ်ကွက် စစ်ကိုင်းမြို့နေသူအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ဝေယံမင်းသူက စစ်ကိုင်းမြို့ ပိုးတန်း ရပ်ကွက် နယ်မြေ (၆) ထူပါရုံလမ်းသွယ်နေ တိုးကို(ခ)ကိုကိုတိုးနှင့်အတူ ပူးပေါင်းကျူးလွန် ခဲ့ကြောင်း အစစ် ခံထွက်ဆိုခဲ့ သည်။
ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီခွဲတွင် ရည်စားဖြစ်သူ အားမိန်(ခ)ပိုပို(ခ)မြင့်မြင့်ထွေးနှင့်အတူ ဘော်ဂါ
ကျောက်ဝိုင်းသို့ ကျောက်ပုတီးရောင်းဝယ်ရန် သွားရောက်ခဲ့ပြီး နံနက် ၇ နာရီတွင် တိုးကို(ခ) ကိုကိုတိုးက တရုတ်ပြောင်ကြီးအိမ်မှ ယခင်တိုင်ပင်ထားသည့်အတိုင်း ကျောက်ပုတီးများ သွားရောင်းရန် ချိန်း၍ ဝေယံ မင်းသူက အခင်းဖြစ်ခြံဝင်းအတွင်း ဝင်ရောက်ကာ ၂x၁ လက်မ အရှည်တစ်တောင်ခန့် သစ်သားချောင်း၊ တိုးကိုက ဓားမတစ်ချောင်းကိုင်ပြီး အိမ်အတွင်း ဝင်ရောက်ခဲ့ကြောင်း၊ အိမ်အပေါ်ထပ်၌ တရုတ်လူမျိုး နှစ် ဦးနေထိုင်သည့် အခန်းတံခါးသော့ကို တုတ်နှင့်ရိုက်၊ ဓားနှင့်ထုနေစဉ် အိမ်အကူ ဒေါ်နှင်းနွယ်(ခ)ဒေါ်နှင်း
ရောက်လာ ၍မည်သူ့ကိုမှ မပြောရန် ငွေ ၁ဝဝဝဝ ပေး၍ စည်းရုံးခဲ့သော်လည်း ဒေါ်နှင်း အားစည်းရုံး၍မရ သဖြင့် ဝေယံမင်း သူက ဒေါ်နှင်းနွယ်၏ ဦးခေါင်းအား ၂x၁ တုတ်ဖြင့် ရိုက်နှက်ကာ ဒေါ်နှင်းလဲကျသွားစဉ် တိုးကိုက ဓားမဖြင့် နှစ်ချက်ထပ်မံခုတ်သတ်ခဲ့ကြောင်း၊ တရုတ်ပြောင်ကြီးအခန်းထဲမှ ကျောက် ပုတီးအိတ် များကို အသင့်တွေ့ရသော ပီနံအိတ်ဖြင့် ထည့်လျက်ယူဆောင် သွားခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံး
ပြုခဲ့သည့် ဓားမကို တာဘောင် လမ်းတစ်နေရာတွင်လည်းကောင်း၊ တုတ်ကို တိုးကိုအိမ်အနီး လမ်းဘေး တွင်လည်းကောင်း လွှင့်ပစ်ခဲ့ကြောင်း အခင်းဖြစ်စဉ်က ဝေယံမင်းသူနှင့် တိုးကိုတို့ဝတ်ဆင်ခဲ့သည့် အင်္ကျီများ ကို စစ်ကိုင်းတံတားပေါ်မှ မြစ်ထဲသို့ လွှင့် ပစ်ခဲ့ကြောင်း အစစ်ခံသည့်အတွက် တိုးကို(ခ)ကိုကိုတိုးနှင့်အတူ ပါသွားသော ကျောက်ပုတီးစေ့များ ပြန်လည် ရရှိရေးအတွက် ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရ သည်။
ထွေးမြင့်နိုင်(စစ်ကိုင်း) The Mirror Daily

မှတ်ချက်များ