မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအ သင်းချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောက် မျက်အ သင်းခွဲများ၏ ရုံးခန်းအဆောက် အအုံဆောက်လုပ်ရန် အမေရိကန် ဒေါ်လာ ၂ သန်းကို ခွဲဝေပေး မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်း ချုပ်၏ လက်အောက်တွင် မန္တလေး၊ မြစ်ကြီးနား၊ ဖားကန့်၊ မိုးကုတ် စသည့် ကျောက်မျက်အသင်းခွဲများရှိပြီး စစ်ကိုင်းနှင့် ရန်ကုန်တို့တွင်လည်း ကျောက်မျက် အသင်းများ ဖွဲ့စည်းထားကာမကြာမီ တရားဝင် အသင်းခွဲများ ဖြစ်လာတော့မည် ဖြစ်ကြောင်း သိရသည်။
‘‘သတ္တုတွင်း ၀န်ကြီးဌာန၊ ကျောက်မျက်ပြပွဲဗဟိုကော်မတီ မှာ ကျွန်တော်တို့အသင်းပိုင်အနေ နဲ့ ရန်ပုံငွေရှိ တယ်။ ပြပွဲတွေမှာ ရောင်းချရတဲ့ ကျောက်မျက်တန် ဖိုးရဲ့ ၁ ရာခိုင်နှုန်းကို အခွန် ကောက်ထားတာပေါ့။ အဲဒီကနေ ဒေါ်လာ ၂ သန်းပေးဖို့ ၀န်ကြီးဌာန ကို တောင်းထားတယ်။ ရလာတဲ့ ငွေကို အသင်းခွဲတွေကို ခွဲဝေပေး ဖို့ စီစဉ်ထားပါတယ်’’ ဟု မြန်မာ နိုင်ငံကျောက်မျက်ရတနာ လုပ် ငန်းရှင်များ၏ ဒုဥက္ကဋ္ဌ ဦးမြင့်ဟန် က ပြောသည်။
ဒေါ်လာ နှစ်သန်းကိုကျောက်မျက် အသင်းခွဲများအား ခွဲဝေချထားပေးမည် ဖြစ်သော်လည်း မည်သည့်အချိန် တွင် စတင်ပေးအပ်မည်ဆိုသည်ကို အသေးစိတ်မဆုံးဖြတ်ရသေးဟု ဆိုသည်။
နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ မဆောက်လုပ် မီ ယင်းအဆောက်အအုံဆောက် လုပ်ရန် ရည်ရွယ်ကာ ကျောက်မျက်ပြပွဲများတွင် ရောင်းချသည့်တန်ဖိုး၏ ၁ ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ် ကောက် ယူခဲ့သည်။
ယင်းငွေကို ကျောက်မျက် အသင်းပိုင်ငွေအဖြစ် ထားရှိပြီး သတ္တုတွင်းဝန်ကြီးဌာန၊ ကျောက် မျက်ပြပွဲ ကျင်း ပရေးကော်မတီ က ထိန်းသိမ်းထားသည် ဟု ကျောက်မျက်အသင်း တာဝန် ရှိသူများက ပြောသည်။
မောင်တာ | 7day

မှတ်ချက်များ