ဂီနီယာတွင် ပထမဦးဆုံး အီဘိုလာစတင်ဖြစ်ပွားခဲ့သော ယောက်ျားလေး လင်းနို့သစ်ပင်အောက် တွင် ဆော့ကစားခဲ့
ဂီနီယာနိုင်ငံတွင် ပထမဦးဆုံး အီဘိုလာ ရောဂါ ဖြစ်ပွားခံခဲ့ရပြီး ကူးစက်ပျံ့နှံ့စေခဲ့သော အီမီလီအိုယူအာမိုနို အမည်ရှိ နှစ်နှစ်သားအ ရွယ် ယောက်ျားလေးတစ်ဦးသည် လင်းနို့များ အသိုက်ဖွဲ့နေထိုင်နေသော သစ်ပင်
အောက် တွင် ဆော့ကစားခဲ့ရာမှ ရောဂါ ကူးစက်ခံခဲ့ရ ခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြား လိုက်သည်။
အဆိုပါ သိပ္ပံပညာရှင်များသည် ကလေး ငယ်၏ ဇာတိကျေးရွာဖြစ်သော မီလီယန်ဒူသို့ သွားရောက် လေ့ လာခဲ့ရာမှ အီဘိုလာရောဂါ ဆက်နွှယ် ဖြစ်ပွားလာမှုကို တွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။
အီဘိုလာ ပြန့်ပွားလာမှု အကြောင်းရင်း ကို သိစေရန် ၄င်းသိပ္ပံပညာရှင်များသည် မီလီ ယံဒူ ဒေသခံများနှင့် စုံစမ်းမေးမြန်းစကား ပြော ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။မီလီယန်ဒူသည် အိမ်ခြေ ၃၁ လုံးသာရှိ
သော ကျေးရွာငယ်လေး တစ်စုဖြစ်သည်။
အဆိုပါ သိပ္ပံပညာရှင်အဖွဲ့သည် ၄င်းတို့ ၏ လေ့လာတွေ့ရှိချက်အား အမ်ဘိုမော်လီကျူ လာ မက်ဒီဆင် မဂ္ဂဇင်းတွင် ရေးသားတင်ပြသွား ခဲ့ကြောင်း သိရသည်။
Yangon Media Group

မှတ်ချက်များ