အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထားသူများ လူ တွေ့စစ်ဆေးခြင်းနှင့် လျှောက်လွှာလက်ခံခြင်းကို ဇန်န ၀ါရီ ၂၉ ရက်တွင် လက်ခံမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။ အမြဲတမ်းနေထိုင်ခွင့် ပီ အာရ်စနစ်ကို ၂၀၁၄ ဒီဇင်ဘာ ၂၉ရက်က တရားဝင်ခွင့်ပြုခဲ့သော် လည်း အသိပညာပေးခြင်းလုပ် ငန်းကိုတစ်လကြာဆောင်ရွက်ခဲ့ သဖြင့် လျှောက်လွှာလက်ခံခြင်း ကို ဇန်န၀ါရီ ၂၉ ရက်မှ စတင် လက်ခံခြင်းဖြစ်သည်ဟု ပြန်ကြား ရေးတာဝန်ခံ ဒေါ်သီတာအောင် ကပြောသည်။‘‘လူကိုယ် တိုင်လာရပါမယ်။ လျှောက်လွှာလက်ခံရုံတင် မဟုတ်ဘူး။ လူတွေ့ပါစစ်ဆေးသွားမှာပါ’’ဟု ၎င်းကပြော သည်။
အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်လွှာများကို ရန်ကုန်မြို့ (၃၇) လမ်းရုံးတွင် အခမဲ့ထုတ်ဝေပေးနေပြီး ကိုးရက်အတွင်း လျှောက်လွှာလာယူသူ ၂၀၀ ရှိခဲ့သည်။ လျှောက်လွှာလာယူသူများတွင် အမြဲတမ်းနေထိုင် ခွင့်လျှောက်ထားလိုသူများမှာ မြန်မာနိုင်ငံသားဟောင်းအများစုဖြစ်ပြီး နိုင်ငံခြားသားမှာ ဆယ်ဂဏန်းမျှသာရှိ သည်ဟုဆိုသည်။
လာရောက်လျှောက်ထားသူ များကို ၀န်ကြီးဌာန ၁၁ ခုပါဝင် သော စိစစ်ရေးကော်မတီက စိစစ်မည်ဖြစ်ပြီး
နိုင်ငံ၏ လိုအပ်ချက် ပေါ်မူတည်၍ တစ်နှစ်လျှင် ဘယ် နှကြိမ်၊ ဘယ်နှဦးအား ပီအာရ် ပေးမည်ကို ပြည်
ထောင်စုအ စိုးရကဆုံးဖြတ်မည်ဟု သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူ များ၊ ပညာရှင်များ၊ နိုင်ငံသား ဟောင်းများနှင့် မြန်မာနိုင်ငံသား နှင့် လက်ထပ် ထားသူ နိုင်ငံခြား သားများ၊ သွေးနှောထားသည့် သားသမီးများသည် ငါးနှစ်သက် တမ်းရှိ အမြဲတမ်းနေ ထိုင်ခွင့် ပီအာရ်လျှောက်ထားနိုင်မည် ဖြစ် သည်။ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားလိုသည် မြန်မာနိုင် ငံသားဟောင်းများသည် အမည် ပျက်စာရင်းမရှိသူဖြစ်ရမည်ဖြစ် ပြီး နိုင်ငံရေးခိုလှုံခွင့်စွန့်လွှတ် ထားသူ
ဖြစ်မှသာ လျှောက်ထား နိုင်မည်ဖြစ်ကာ တစ်နှစ်လျှင် ဒေါ် လာ တစ်ထောင်ပေးသွင်းရမည် ဖြစ်သည်။ ငါးနှစ်သက်တမ်းကုန် ဆုံးပါက သက်တမ်းတိုးခွင့်ရှိသည်။
အခြားနိုင်ငံများတွင် ဒုက္ခ သည်အဖြစ် ခံယူထားသူများ၊ နိုင်ငံရေးခိုလှုံခွင့်ရယူထားသူများ၊ ပြစ်မှုမှတ်တမ်း ရှိသူများ၊ ကျန်းမာ ရေးမကောင်းမွန်ဘဲ ကူးစက်ရော ဂါခံရသူများ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မလိုက် နာသူ၊ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားရာတွင် လူတွေ့ စစ်ဆေးမခံယူသည့်သူ၊ အခွန်မ ထမ်းဆောင်နိုင်သူနှင့် နေထိုင်ခွင့်ဗီဇာမရှိသူ၊ ပြည်ဝင်ခွင့်သုံးနှစ်နှင့် အထက်မရှိသူများမှာ အမြဲတမ်းနေထိုင် ခွင့်လျှောက်ထားခွင့်မရှိဟုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
7 day

မှတ်ချက်များ