အီရတ်နိုင်ငံ အလယ်ပိုင်း ဆမ်မာရာမြို့၌ လုံခြုံရေး တပ်ဖွဲ့များက ထိန်းချုပ်ထားသော စစ်ဆေးရေး စခန်း
တစ်ခုကို အိုင်အက်စ်စစ်သွေးကြွများက ဇန်နဝါရီ ၈ ရက်တွင် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၂၈ ဦး ထိ ခိုက်ဒဏ်ရာ ရရှိကြောင်း ယနေ့ ရိုက်တာ သတင်းတွင် ဖော်ပြသည်။
ဆမ်မာရာမြို့ အနောက်ဘက်ရှိ မော်တော်ကားလမ်း တည်နေရာရှိ စစ်ဆေးရေးခန်းများကို အိုင်အက်စ်အဖွဲ့ က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းများ၌ ဖော်ပြသည်။
ဆမ်မာရာမြို့၌ စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ
ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဆွန်နီမျိုးနွယ်စုများ အဓိကနေထိုင်သည့် အဆိုပါမြို့ကို အိုင်အက်စ်တပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထားသည်။ ဆမ်မာရာမြို့သည် သာသနာ့သမိုင်းဝင် နေရာလည်းဖြစ်သည်။ အိုင်အက်စ်အဖွဲ့သည် လွန်ခဲ့သည့်နှစ် ဇွန်လက အီရတ်မြောက်ပိုင်းဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ယင်းမြို့ကို ပိတ်ဆို့ထားသည်။
အီရတ်အစိုးရတပ်ဖွဲ့များနှင့် မဟာမိတ် ရှီးယိုက်ပြည်သူ့စစ်အဖွဲ့ဝင်များက ဆမ်မာရာမြို့ မကျရေးအတွက် ခုခံကာကွယ်လျက် ရှိသည်။ အမေရိကန်ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းမှ ပစ်ကူပေးမှုဖြင့် ၎င်းတို့အနေ ဖြင့် အီရတ်တောင်ပိုင်းမှ မြို့များနှင့်ရွာများကို မကြာသေးမီက ပြန်လည်သိမ်းယူနိုင်ခဲ့သည်။
ရိုက်တာ။
The Mirror Daily

မှတ်ချက်များ