၂၀၁၄ ခုနှစ် ရဲ့ ခန္ဓာကိုယ် အသွယ်လျဆုံးစုံတွဲ


ဆရာမတစ်ယောက်ဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် Lisa Wharton ဟာ တက္ကစီယာဉ်မောင်း တစ်
ယောက်ဖြစ်တဲ့ သူမရဲ့ အမျိုးသားအသက် ၄၃ နှစ်အရွယ် Graeme နဲ့အတူ ဆန်းဒါးလန်း မြို့မှာ နေထိုင်ပြီး အသက် ၁၅ နှစ် အရွယ် Alice နဲ့ အသက် ၁၈ နှစ် အရွယ် Jack ဆိုတဲ့ ကလေးတွေ ရှိပါတယ်။

သူတို့အတွဲဟာ ၂ ယောက် ပေါင်း ၁၁ စတုန်းခန့် ကိုယ်အလေးချိန် လျော့ကျခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ် ရဲ့ ခန္ဓာကိုယ် အသွယ်လျဆုံးစုံတွဲအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Lisa ဟာ ၁၅ စတုန်းနဲ့ ၆ ပေါင်ခွဲအလေးချိန်ရှိရာမှ ယခုအခါမှာ ၁၀ စတုန်းနဲ့ ၈ ပေါင်ခွဲသာ ရှိတော့တဲ့အ တွက် ၄ စတုန်းနဲ့ ၁၂ ပေါင် အထိ အလေးချိန် လျော့ကျခဲ့ပါတယ်။ Graeme ကတော့ ၁၉ စတုန်းနဲ့ ၁၀ပေါင် အလေးချိန်ရှိရာမှ ယခုအခါမှာ ၁၂ စတုန်းနဲ့ ၁၁ ပေါင်သာရှိတော့တဲ့အတွက် ၆ စတုန်းနဲ့ ၁၃ပေါင် အထိ အလေးချိန်လျော့ကျခဲ့ပါတယ်။

သူတို့ ၂ ယောက်ဟာ ယခုလို အလေးချိန်လျော့ကျခဲ့ရခြင်းဟာ အလုပ်ကိုသာ အားသွန်ခွန်စိုက် ကြိုးစား လုပ်ကိုင်ခဲ့တဲ့အတွက် ဖြစ်တယ်လို့သူတို့ နှစ်ဦးကဆိုပါတယ်။

Trend Myanmar


မှတ်ချက်များ