ရေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ အား ခေါ်ယူထား
ကြောင်း ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးမှသတင်းရရှိသည်။
ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး စီမံခန့်ခွဲမှုနှင့်ဆိုင် သော Management Contract စနစ်ဖြင့်
ဆောင်ရွက်ရန် ဇန်နဝါရီ ၈ ရက်တွင် သတင်းထုတ်ပြန် ခဲ့သည်။
‘‘ရေကြောင်း ဝန်ဆောင်မှု လုပ်ငန်းတွေ အကုန်လုံးနီးပါးပါ တယ်။ ကုန်သယ်တဲ့ ကိစ္စတွေ ရော၊ ခရီးသည် ကိစ္စတွေရော၊ သင်္ဘောငှားရမ်းပေးတဲ့ ကိစ္စတွေ ပါပါတယ်’’ ဟု ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးမှ တာ ဝန်ရှိ သူတစ်ဦးကပြောသည်။
စိတ်ဝင်စားသော လုပ်ငန်း ရှင်များသည် ဇန်နဝါရီ ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အဆိုပြုလွှာ တင်ပြရမည်
ဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်ရာတွင် အခြေခံစဉ်း စားရမည့် အချက်အလက်များကို အသိပေးဖြန့်ဝေပေး မည်ဟု ဆိုသည်။
ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးသည် ၂၀၁၃/၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ ကိုယ် ပိုင်ဝင်ငွေဖြင့် လုပ်ငန်း လည်ပတ် ရန်ဆောင်ရွက်ခဲ့ပြီး ဌာနဝင်ငွေ နှင့် အသုံးစရိတ်မျှရန် ပုဂ္ဂလိက လုပ်ငန်းရှင်များ ခေါ်ယူခြင်းဖြစ် သည်ဟုသိရသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာအမျိုးသား လေကြောင်းကလည်း ၂၀၁၃-၁၄ဘဏ္ဍာနှစ် မှစတင်ကာ နိုင်ငံတော် ဘဏ္ဍာငွေမယူဘဲ လုပ်ငန်းလည် ပတ်ခဲ့ပြီး ၂၀၁၄ နှစ်ကုန်တွင် နိုင်ငံတော်အစိုးရ ထံမှခွဲထွက်၍ လွတ် လပ်စွာလုပ်ပိုင်ခွင့် ရရှိထားသောဌာနဖြစ်သည်။
ခန့်ထက် | 7day

မှတ်ချက်များ