ကျောက်ကပ်မပျက်စီးအောင် ကာကွယ်နည်းများ
ကျောက်ကပ်မပျက်စီးရလေအောင် အောက်ပါ အချက်များကို လိုက်နာရှောင်ကြဉ်သင့်ပါတယ်။
၁။ အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံမသောက်ပါနှင့်။
၂။ မကြာခဏဖြစ်တတ်သည့် ချောင်းဆိုး၊ ရင်ကြပ်၊ ခေါင်းကိုက်၊ ဖျားနာ စသည်တို့ကို အမြစ်ပြတ်အောင် ကုပါ။(ဆေးကုန်အောင်သောက်ပါ)
၃။ အစာကို လုံလောက်စွာ၊ မျှတစွာ စားသောက်ပါ။ အဆာမလွန်ပါစေနှင့်။
၎။ လုံလောက်စွာ အနားယူပါ။
၅။ ရေကို လုံလောက်အောင် သောက်ပါ။ ရေသောက်မနည်းပါစေနှင့်။
၆။ အသားများကို အလွန်အကျွံ မစားသုံးပါနှင့်။
၇။ အငံကို လျှော့စားပါ။
၈။ အရက်သေစာ၊ မူးယစ်ဆေးဝါးတို့ကို အလွန်အကျွံ မသောက်ပါနှင့်။
အထက်ပါ အချက်အလက်တို့ကို လိုက်နာကျင့်သုံးပြီး နေထိုင်ပါက သင့်ကျောက်ကပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါလိမ့်မည်။
စောနွဲ့ နေဆိုင် (ပူတာအို)

မှတ်ချက်များ