စစ်ဘေးက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုးကန့်ဒေသ ပြည်သူတွေ
ဖေဖော်ဝါရီ ၉ ရက်နေ့က စတင်တဲ့ မြန်မာ့ အစိုးရ တပ်မတော်နဲ့ MNDAA ခေါ် မြန်မာ အမျိုးသား ဒီမိုကရက် တစ် မဟာမိတ် တပ်ဖွဲ့တို့ တိုက်ခိုက်မှုတွေ အတွင်း အရပ်သား ၄၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ တိုက် ပွဲကြားက ထွက်ပြေးလာသူ တချို့က ပြောပါတယ်။
တရုတ် အစိုးရကလည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃ သောင်း ကျော်လောက် တရုတ်မြန်မာ နယ်စပ် တရုတ် နိုင်ငံဘက်ခြမ်းဆီ ထွက်ပြေး လာတာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းက Hua Chunying က ပြောပါတယ်။
BBC Burmese







မှတ်ချက်များ