ကားသမားတစ်ယောက်၏ရင်တွင်းဖြစ်


ကျွန်တော်ရှမ်းပြည်မြောက်ပိုင်းကို ရောက်ရှိခဲ့တာ နှစ်ပေါင်း၂၀ ပြည့်တော့မယ်။ကားမောင်းသက်ကတော့ ၁၅နှစ်လောက်ရှိပါပြီ။

ဘဝကုသိုလ်ကံကြောင့် ရှမ်း မြောက်ရဲ့စစ်မီးအတွေ့အကြုံကို အဝေးကပဲခံစားရှိမိခဲ့ပါတယ်။

ဒီတစ်ခါ လောက်ကိုင် စစ်အတွင်းမှာတော့ ကိုယ်တိုင်ကိုကြ ခံစားမိခဲ့ပါပြီ။လားရှိုးလောက်ကိုင် လမ်းကြောင်းမှာကားမောင်ခဲ့တာ၅နှစ်အတွင်းရောက်ခဲ့ပြီ။လားရှိုးကနေလောက်ကိုင်တက်တဲ့အခါအများ
အားဖြင့်တော့ လောက်ကိုင်မှာ ညအိပ်ဖြစ်ပါတယ်။ကားဝန်းထဲမှာ ကားထိုး ကားပေါ်မှာပဲအိပ်ခဲ့တယ်။ဒီလို အခြေအနေမျိုးမဖြစ်ခင် လွန်ခဲ့သော ၃/၄လအတွင်းထဲက ဖုန်ကြားရှင်အဖွဲ့ လောက်ကိုင်ကို ပြန်သိမ်း မယ်။မြို့ထဲကိုရော အနီးနားဝန်းကျင်တွေကိုပါ သူ့လူတွေ လက်နက်တွေ တစ်စိမ့်စိမ် ထိုးဖောက်ဝင်နေပြီ ဆိုတဲ့ သတင်း နှစ်သစ်ကူးမတိုင်ခင် အပြီးသိမ်းမယ်ဆိုတဲ့သတင်း ဈေးနေ့တွေမှာ အရပ်သားအဖြစ် ဘယ်နေရာက ဘယ်လောက်ဝင်လာတယ်ဆိုတဲ့သတင်း တွေက ကောလဟာလ လိုလို အမှန်တစ်ကယ် လိုလို ကြားသိနေခဲ့ကြပါတယ်။ဒါတွေဟာလည်း အမှန်တွေဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ တာဝန်ရှိသူတွေ အာဏာပိုင်တွေက တည်ငြိမ်မှု ပျက်ပြားမှာဆိုးလို့လား ဂရုပဲမစိုက်ခဲ့တာလား တော့ မသိပါဘူး။ထိရောက်တဲ့ ရှာဖွေမှု့ စီမံချက်မျိုးတွေဆောင်ရွက်ခဲ့ခြင်း မပြုလုပ်ခဲ့ကြပါဘူး။ဒါကြောင့်လည်း အခုလို မြို့အတွင်းပိုင်းထိ ရောက်လာပြီး ထင်သလိုပြုလုပ်ကြပါတော့တယ်။ဒီနေရာတွေက သူတို့နေရာ၊ ဘယ်လမ်းကသွားဘယ်ရောက်တယ် အကုန်သိနေတော့ အားသာချက်ရှိတယ်လေ။

ဘာတွေမှဖြစ်မလာခင် တစ်ရက်က လောက်ကိုင်တက်သွားတော့ ကွမ်းလုံတံတား စစ်ဆေးရေးဂိတ်က စပြီး ထူးခြားမှု စတင်ခံစားခဲ့ရပါတယ်။လောက်ကိုင်အဝင် ဂိတ်မှာ ပိုပြီးခံစားမိလာတယ်။ဒီလိုနဲ့ ကားဝန်းထဲ
ရောက် ခရီးသည် ချအပြီး ကုန်သွားချမလို့ လမ်းမ ထွက်လိုက်တော့ တရုတ်တွေ နယ်စပ် နမ်ဆန် ဘက်ကိုကားတွေနဲ့ သွားနေလိုက်တာ လမ်းပိတ်တဲ့အထိပါ။

တရုတ် ဆိုင်တွေတော်တော်များများလည်း ပိတ်ပြီး ပြေးကုန်ကြပြီ။ဒီကောင်တွေသူ့လူမျိုး အချင်းချင်း သတင်းပေး/ရပြီး ရှောင်ကုန်ကြတာလေ။ကျွန်တော်တို့မြန်မာတွေက အေးဆေးပါပဲ။ဒါနဲ့ထူးခြားပြီ တစ်ကယ်ချတော့မယ်ဆိုတာ သိတာနဲ့ လားရှိုးကိုပြန်ဆင်းခဲ့တယ်။ကားခတွေကလည်း မကြားစဖူး ရှစ်သောင်း၊ကိုးသောင်း တစ်သိန်းခွဲအထိ တက်သွားတယ်။တစ်ယောက်ကိုပြောတာနော်။

ညပိုင်းဖုန်းအဆက်အသွယ်ရတော့တာရွှေထန်ဘက်မှာစ ဖြစ်နေပြီတဲ့။ကျွန်တော်လည်းအခြေအနေစောင့်
ကြည့် ချင်တာနဲ့ နောက်တစ်ရက်မတက်ပဲနေလိုက်တယ်။မိုးရွာတုန်းရေခံတဲ့ ကားဆရာတွေကတော့ အသက်စတေး လောင်းကြေးထပ်တက်ကုန်ကြတယ် ကားဝန်းထဲ ကားမကျန်တော့သလောက်ပါ။

မနေ့ကတော့ ကားမောင်းပြီဆိုကတည်းက အိပ်ရေး ဝ အောင်မအိပ်ခဲ့ရလို့ အိပ်နေတုန်းရှိသေး တောင်ပေါ် ကသူငယ်ချင်းတွေက ကားလိုလို့ အဆင်းလူ အရမ်းများလို့ လှမ်းခေါ်တာနဲ့ အိပ်ရေးမဝတဲ့ကြားက သူငယ် ချင်းတစ်ယောက်ကို အဖော်ညှိုပြီး လားရှိုးကနေ ၉ ၃၀ လောက်မှာတက်သွားဖြစ်တယ်။ သွားသာရတာ ရှိသ မျှ ဘုရားစာလည်းကုန် ကြာနီကန် ပဌာန်းခွေပါဖွင့်ပြီး မောင်းသွားတာ ၁၂နာရီလောက် လောက်ကိုင်ရောက် သွားခဲ့တယ်။ဒါတောင်သူငယ်ချင်းက အစာပြေ စားမယ်ဆိုပြီး နမ့်စပ်လပ်မှာ နားမယ်လုပ်လို့ အတင်းခေါ်ပြီး မနားပဲ ဆက်တက်ခဲ့တယ်။

ဒီအချက်ကလေးကလည်း ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ကို ကယ်လိုက်တာပါ။မောင်းသွားတဲ့ အရှိန်ကလည်း တောင်ပေါ်အတက်လမ်း အဆင်းလမ်းကို ၁၀၀ ၁၁၀ အထိနင်းခဲ့မိလို့လည်း၂နာရီကျော်
ကျော် နဲ့ ရောက်သွားခဲ့တယ်။ပုံမှန်ဆို ၄ နာရီလောက်မောင်းရတဲ့ခရီးပါ။လမ်းမှာတော့ မြန်မာအလုပ်သ မားတွေ လမ်းလျောက်ဆင်းတာတစ်မျိုး ကား ဆိုင်ကယ် ထော်လာဂျီ သုံးဘီးအမျိုးမျိုးနဲ့ဆင်းလာတာ တွေ့နေ ရ တယ်။စိတ်မကောင်းလည်းဖြစ်မိတယ်။

လောက်ကိုင်မြို့ဝင်ပြီဆိုတာနဲ့ တိတ်ဆိတ် ခြောက်ကပ်ပြီး စစ်ရိပ် စစ်ငွှေ့တွေအပြည့်နဲ့ တစ ပြင်ပါပဲ။လှမ်း
ခေါ် တဲ့ ကားဆရာတွေလည်းမရှိတော့ဘူး။သူငယ်ချင်းနှစ်ယောက်မြို့ပါတ်ပြီး ခရီးသည်ရှာမယ်လုပ်တုန်း တရုတ်ဖုန်း ဝင်လာတယ်။တရုတ်မလေးတွေ၊နယ်စပ်မှာ ၅ ယောက်ပိတ်မိနေတယ်။ လာခေါ်ပါတဲ့ တောင်း သလောက်ပေးပါ့မယ်တဲ့။တစ်ခါ ကိုယ့်ကားစီးဖူးတဲ့ခရီးသည်ဖြစ်နေတာရယ် သူတို့သွားခေါ်မဲ့နေရာ တိုက် ပွဲဖြစ်နေတဲ့နေရာနဲ့ နီးတာကြောင့် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ အကြောင်းပြန်လိုက်တယ်။ငိုနေတယ်ဗျာ။

ရင် ထဲမှာခံစားရတယ်။ဒါပေမယ့် အရေးကြီး သွေးနီးတယ်ဆိုတဲ့အတိုင်း ရသလောက်ဆီဖိုးတောင်းပြီး ကိုယ့်လူမျိုး ကိုယ် ကယ်မယ်လို့ ဆုံဖြတ်ပြီး ပြန်ဆင်းမယ်အလုပ်မှာ ဝန်းတံခါးတစ်ချပ် ပွင့်လာပြီး မြန်မာ အလုပ်သမားတွေ ကလေးအမေတွေရော အရွယ်မျိုးစုံ အယောက်၄၀လောက်ထွက်လာပြီး သူတို့လိုက်ပါ ရစေ ကားခ လားရှိုးရောက်ပေးပါ့မယ်ဆိုပြီး ငိုယိုပြောကြတယ်ဗျာ။

ကျွန်တော်တို့ကလည်း အကုန်တော့မရဘူး။ကားလေးဖြစ်နေတော့ ရသလောက်တင်ပါ့မယ်ဆိုပြီ ကလေး အမေဦးစားပေး တစ်စီး၁၀ယောက်နဲ့ အယောက်၂၀တင်ပြီး အမြန်ပြန်းဆင်းခဲ့တယ်။သေနတ်သံတွေက စပြီးကြားနေရပြီလေ။

အတက်တုန်းက ချင်းရွှေဟော်မြို့ကိုဖြတ်တော့ ဈေးနေ့နဲ့တိုက်ပြီး စည်၂ကား၂ရှိသေးတယ်။အပြန် နာရီ ဝက်အချိန်လေးအတွင်းမှာ ချင်းရွှေဟော် အဆင်းရောက်တော့ တိတ်ဆိတ်နေပြီ။ထူးခြားပြီဆိုတာ အတွင်း စိတ်ကသိနေတယ်။အဆင်းကွေ့တစ်နေရာရောက်တော့ ညာဘက် ရာဘာတောထဲက ပစ်ခတ်သံစကြား
တော့တာပဲ။ချင်းရွှဟော်မြို့ထဲရောက်တော့ ခွေးတစ်ကောင် ကြောင်တစ်မြှိးမှ မတွေ့တော့ဘူး။တံခါးတွေ ပိတ် တိတ်ဆိတ်နေပြီ။

တံတားဂိတ်ဖြတ်မယ်လုပ်တော့ ဂိတ်က စစ်သည်တွေနေရာယူနေပြီ။ကားဆရာပြန်လှည့်ဆိုလို့ လှည့်ပြီး
ဆေးရုံဝန်းထဲဝင်ပြေးမယ်လုပ်တော့ ဝနး တံခါးတွေပိတ်ထားတယ်။ကျန်တဲ့အဆောက်အဦးတွေက တရုတ်ပိုင်တဲ့ဟာတွေ။အဝင်မခံဘူး။ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း ခဏသေနတ်သံတိတ်သွားတဲ့အချိန် ဂိတ်က ရဲတပ်ကြပ်ကြီးတစ်ယောက်က ကားဆရာတွေပြေးတော့ဆိုလို နှစ်ယောက်သား မောင်းလိုက်တာ ကမ္ဘာကျော် ပြိုင်ကားဆရာ မိုက်ကယ် ရူမေကာ တွေ့လျင် ထိုင်ငိုလိမ့်မယ်လို့ထင်မိတယ်ဗျာ။ကွမ်းလုံကို ဘယ်လိုရောက်လာသလဲဆိုတာ ကိုယ့်ကိုကိုယ်တောင်မသိလိုက်ဘူး။မမောင်းလို့လဲမရတော့ ဘူး။ကား
ကော်မှာကဘုန်းကြီးပျံအေးယဉ်ကြူးတာထက်ဆိုးနေပြီလေ။ကျွန်တော်လည်းပြောအားပေးပါတယ်။ကျွန်တော့်
ကားမောင်းနိုင်သ၍ ခင်ဗျားတို့လားရှိုးရောက်စေရမယ်လို့။

နမ့်စပ်လပ်ရွာကိုဖြတ်တော့ တပ်မ ၃၃ စစ်ကြောင်းတက်သွားတာနဲ့ကြုံတယ်။ကျွန်တော်တို့လားရှိုးရောက်
တော့ မ ၃၃ နမ့်စပ်လပ်အလွန် ဗျူဟာကုန်းမှ ဖြတ်အတိုက်ခံရတယ်တဲ့။ကပ်သီးလေးဗျာ။ကံသီပေလို့ပေါ့။
လားရှိုး ကားဝန်းရောက်တော့ ကားခပေးစရာ မပြည့်လို့ ဖော်ပြပါ ဖုန်းတစ်လုံး နားကပ်နှစ်ရံ နဲ့ငွေအ နည်းငယ်ပေးတယ်ဗျာ။ကျွန်တော်လည်း အသက်နဲ့ရင်းပြီး လုပ်ခဲ့ရတဲ့အလုပ်အတွက် တန်ရာတန်ကြေး
တော့လို ချင်မိလိုက်တယ်ဗျာ။အခိုက်အတန့်စိတ်လည်းတိုမိတယ်။ဒါနဲ့ယူထားမိလိုက်တယ်။တစ်ခြားကားဆ ရာတွေတောင်းသလို နင်ပဲ ငဆ မတောင်းခဲ့ဘူးလေ။

သွေးအေးတော့ ပြန်စဉ်းစားမိတယ်။ငါ မယူသင့်ဘူးလို၊သမီးလေးတွေ နားကပ်ဖြုတ်တော့ ငိုနေတယ်ဗျာ။
ပြန်တွေးလေ စိတ်မကောင်းဖြစ်လေပါပဲ။ဒါကြောင့် ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ဒီပစ္စည်းတွေကို သူတို့နေတဲ့ တောင်တွင်းကြီးကို မရောက် ရောက်အောင်ပြန်ထည့်ပေးမယ်လို့။

ကျွန်တော် ဒီPost လေးကိုတင်တာ ဂုဏ်ယူချင်လို့မဟုတ်ပါဘူး။ဖတ်မိသူတိုင်း စစ်ပြေးရှောင် ဒုက္ခသည်
တွေကို တတ်နိုင်တဲ့တစ်ဘက်တစ်လမ်းက လာကူညီလှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။စစ် ဆိုတာကြီးကလည်း ခါးသည်းလှလို့ ငြိမ်းချမ်းအေးချမ်းအောင် ဝိုင်းဝန်းကြိုးပမ်းကြပါ ဆို့လို့ တိုက်တွန်းရင်း.....

လေဘကြီးခဲ့တာ မှားမှန်းသိတဲ့ ကားဆရာရဲ့ စိတ်ဓာတ်ကို လေးစားလို့တင်ပေးလိုက်ပါတယ်။ အပြုသဘော comment များသာပေးကြပါခင်ဗျာ။

Aung Nay Linn Laukkai

မှတ်ချက်များ