ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်အလေးချိန်တိုးခဲ့တဲ့ မိခင်တွေရဲ့ ကလေးငယ်တွေဟာ ဖွံ့ဖြိုးမှု နှေးကွေးနိုင်


အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ၂ ယောက်စာ စားတယ်လို့ ပြောလေ့ရှိပါတယ်။

ဒါပေမယ့် ဒါကို ကျွမ်းကျင်သူတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင် ရဲ့ လွန်ကဲတဲ့ အစားအသောက် တွေ ဟာ ကလေးငယ်ရဲ့ နောင်တစ်ချိန်မှာ ဖွံ့ဖြိုးမှုအတွက် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ ကိုယ် အလေးချိန်တက်လာတဲ့ မိခင်တွေဟာလည်း နောင်တစ်ချိန်မှာ ကျန်းမာရေး
ပြသနာများစွာကို ရင်ဆိုင်ရလိမ့်မယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

အဲဒီလို ကိုယ်ဝန်ဆောင်နေစဉ်မှာ အလေးချိန်တက်လာတဲ့ မိခင်တွေက မွေးတဲ့ ကလေးတွေဟာလည်း နှ လုံးရောဂါ ၊ Type 2 Diabetes နဲ့ Stroke ရောဂါတွေ ဖြစ်ပွားနိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်နေချိန်မှာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားဖို့က အရမ်းကို အရေးကြီးပါတယ်။

၁၉၃၀ နဲ့ ၁၉၄၀ ၀န်းကျင်နှစ်တွေမှာ မွေးဖွားခဲ့သူ မိခင် ၁၃၀၀၀ ယောက် ရဲ့ လက်ရှိအချိန်အထိ အခြေအ
နေတွေကို သုတေသန ပြုလုပ်ခဲ့ရာမှာ အဆီတက်စေမယ့် အစားအစာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ စား သုံးခဲ့တဲ့ မိခင်တွေက မွေးဖွားတဲ့ ကလေးတွေဟာ ဖွံဖြိုးမှုနှုန်းနှေးပြီး ထိုနှေးကွေးမှုအပေါ် အလွယ်တကူ စိတ်ဓါတ်ကျနိုင်တယ်လို့ သိရပါတယ်။

Trend Myanmar

မှတ်ချက်များ