သတ်ပုံမှားနေသော ပိုက်ဆံများ


မြန်မာငွေစက္ကူတွေကို ကျွန်တော်သေချာကြည့်မိတော့ တစ်သောင်းကျပ်တန်ငွေစက္ကူကလွဲလို့ ကျန်တဲ့ငွေ စက္ကူအားလုံးဟာ သတ်ပုံမှားနေတာကို သတိထားတွေ့မိရပါတယ်။ငွေစက္ကူရဲ့ ရှေ့မျက်နှာမှာပါ ဝင်တဲ့ "မြန်မာနိုင်ငံတော်ဗဟိုဘဏ်" ဆိုပြီး ရေးထားတဲ့ စာသားမှာ "နိုင်" ဆိုပြီး စာလုံးပေါင်းထားတာက ရေးထုံး သတ်ပုံမှားယွင်းနေပါတယ်။ သတ်ပုံကျမ်းအရဆိုရင် တကယ့်အမှန်က "နိုင်" လို့ ရေးသားရမှာပါ။

နိုင်ငံတစ်နိုင်ငံအနေနဲ့ ကိုယ်နိုင်ငံကထုတ်တဲ့ ငွေစက္ကူတွေပေါ်မှာ ရေးသားထားတဲ့ ကိုယ့်ဘာသာစာကို မှား ယွင်းစွာပေါင်းထားတာဟာ အတော့်ကို ရှက်ဖွယ်ကောင်းလှပါတယ်။

ငွေစက္ကူတွေထုတ်တော့မယ်ဆိုရင် နမူနာပုံစံကို သတင်းစာထဲမှာ ဖော်ပြလေ့ရှိပါတယ်။ထိုသို့ဖော်ပြတဲ့အခါ
မြန်မာစာအဖွဲ့က ဗဟိုဘဏ်ကိုဘာမှ မပြောဘူးလား။သက်ဆိုင်သူတွေကို ဝေဖန်ထောက်ပြခြင်းမရှိကြဘူး လား။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ကရော ငွေစက္ကူမှာဖော်ပြပါရှိမယ့် စကားလုံးတွေကို မြန်မာစာရေးထုံး နဲ့အညီ ဖြစ်အောင် ဂရုစိုက်ဖို့ မလိုဘူးလားဗျာ။

လက်ရှိ တစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေတဲ့ ငွေစက္ကူတွေဆိုတာ နည်းနည်းနောနော မဟုတ်ပါဘူး။ဒီငွေစက္ကူတွေ အကုန်လုံးကို မြန်မာစာ ရေးထုံးသတ်ပုံမှားလို့ ပြန်သိမ်းယူဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။

ဒါပေမဲ့ နောက် ထုတ်မယ့် ငွေစက္ကူအသစ်တွေမှာ မှားနေတာကို ပြင်စေချင်ပါတယ်။ကျွန်တော်တို့ဟာ သတ်ပုံမှန်တဲ့ မြန်မာငွေစက္ကူကိုသာ သုံးရမယ်ဆိုရင် တစ်သောင်းကျပ်တန်ပဲ သုံးစရာရှိပါတော့တယ်။

ဟိန်းထိုက်ဈာန်

မှတ်ချက်များ