ဖက်တီးမ ဘ၀ကနေ သုံးနှစ်အတွင်း အလှမယ် ဖြစ်လာခဲ့တဲ့ အမျိုးသမီး
အရင်က ဘာမှမထူးခြားလှတဲ့ အညတရ အမျိုးသမီးတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန် ၁၆ စတုန်းခန့် ကို ၃ နှစ်အတွင်း လျှော့ချနိုင်ခဲ့ပြီး ဇာတိမြေရဲ့ ပြယုဂ် အလှဧကရီ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
အသက် ၂၅ နှစ် အရွယ် Xia Yan ဆိုသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ ၃ နှစ်က သူမဘ၀ကို အလေးချိန် တက်စေတဲ့ အစားအစာတွေအလွန်အကျွံစားခြင်း ၊ အားကစားမလုပ်ပဲ တစ်နေကုန် တီဗွီ ထိုင်ကြည့်နေခြင်းတွေနဲ့ အချိန်ကုန်ဆုံးစေခဲ့ပါတယ်။
အဲဒီနောက်သူမဟာ ဂျင်းဘောင်းဘီ တစ်ထည်ကို ၀တ်ဆင်ရာမှာ အဆင်မပြေမှုတွေဖြစ်ပြီးတဲ့နောက် ကိုယ်အလေးချိန် လျှော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပြီး နေ့စဉ် ပြေးခြင်း နဲ့ ရေကူးခြင်းတွေ လုပ်ဆောင်ခဲ့တဲ့ အတွက် ပေါင် ၂၂၀ အလေးချိန်မှာ ပေါင် ၁၁၀ သို့ လျော့ကျခဲ့ပါတယ်။
ဘေကျင်းမှာ နေထိုင်တဲ့ Xia Yan ဟာ လက်ရှိမှာ အားကစားခန်းမ တစ်ခု ရဲ့ နည်းပြအဖြစ် လုပ်ဆောင်
နေပြီး ဘေကျင်းဒေသ ကိုယ်စားပြုအလှမယ် တစ်ယောက်လည်း ဖြစ်ပါတယ်။
Trend Myanmar

မှတ်ချက်များ