အင်ဒိုနီးရှားတွင် သေဒဏ်ပေးခံရတော့မည့် နိုင်ငံသားနှစ်ဦးကို သေဒဏ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲပေးပါက ငွေပေးမည်ဟု သြစတြေးလျကမ်းလှမ်း
အင်ဒိုနီးရှားတွင် သေဒဏ်ပေး ခံထားရသည့် မူးယစ်မှောင်ခိုနှစ်ဦး အား သေဒဏ်မှ ထောင်ဒဏ်ပြစ် ဒဏ်သို့ ပြောင်းလဲပေးပါက ငွေပေး မည်ဟု သြစတြေးလျအစိုးရက ကြာ သပတေးနေ့တွင် ကမ်းလှမ်းခဲ့ကြောင်း AFP သတင်းအရ သိရသည်။
ယင်းက သြစတြေးလျနိုင်ငံ သားနှစ်ဦး အင်ဒိုနီးရှားတွင် ပစ်သတ် ခံရခြင်းမှ ကယ်တင်ရန် သြစတြေး လျ၏ နောက်ထပ်ကြိုးပမ်းမှုလည်း ဖြစ်သည်။
အင်ဒရူးချန်နှင့် မြူရန် ဆူခူမာရန်တို့ကိုကယ်တင်ရန် သြစ တြေးလျနိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့က အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီးထံ စာရေးသားတောင်း ဆိုခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး သည် မူးယစ်ဆေးဝါးဖြင့် ဆက်စပ် နေသော ရာဇဝတ်မှုဖြင့် သေဒဏ် ပေးခံရမည့် နိုင်ငံခြား အုပ်စုတွင် ပါ ဝင်နေပြီး မကြာမီ ကွပ်မျက်ခံရတော့ မည်ဟု ယူဆရသည်။ ယခုကမ်းလှမ်း မှုမတိုင်မီ ဘစ်ရှော့သည် အကျဉ်း သားချင်း အလဲအလှယ်လုပ်ကာ ၄င်းတို့နိုင်ငံသားများကို ကယ်တင် ရန် ကြိုး ပမ်းခဲ့ပြီး ထိုကမ်းလှမ်းချက် သည် ပယ်ချခံခဲ့ရသည်။
ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် သြစတြေးလျအ စိုးရသည် ချန်နှင့် ဆူခူမာရန်တို့ကို ငွေပေးကာ ကယ် တင်နိုင်ရန် ကြိုး ပမ်းလျက်ရှိသည်ဟု ဘစ်ရှော့ကရေး သားကာ သူမ၏ နိုင်ငံခြားရေးဌာန မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပါဝင်သည်။
သြစတြေးလျနိုင်ငံသား အများစုကလည်း အစိုးရ၏ကြိုးပမ်း မှုကို ထောက်ခံကြောင်း သူမက ဆက် လက်ရေးသားခဲ့သည်။
Ref: AFP

မှတ်ချက်များ