ဂျီဟတ်ဒီဂျွန်ဆိုတာ ခွေးထက်မိုက်တဲ့အကောင်ဟု ဖခင်ဖြစ်သူက ခေါ်ဆို


ဂျီဟတ်ဒီဂျွန်၏ဖခင်က ၎င်း၏ သားဖြစ်သူကို ခွေးကောင်တိရစ္ဆာန်ကောင်၊ အကြမ်းဖက်သမားဟု စိတ်ဒေါ သဖြစ်စွာနှင့် ခေါ်ဆိုခဲ့ပြီး ၎င်းအား ယတိပြတ်စွန့်လွှတ်ကြောင်း ပြောကြားခဲ့သည်။ အိုင်အက်စ်တို့၏ စစ်သွေးကြွနယ်မြေတွင် ဓါးစာခံများကို လူမဆန် ရက်စက်စွာ လည်ဖြတ်သတ်ခဲ့သည့် ဂျီဟတ်ဒီဂျွန်ဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ၎င်း၏ ဖခင် ဂျက်ဆင်အမ်ဝါဇီက မိတ်ဆွေ တယောက်ထံဖုန်းဆက်ပြော ကြားရာတွင် ၎င်း၏သားကြောင့် သူ့မှာ အရှက်ရမိကြောင်း ပြောကြားခဲ့သည်။

ကူးဝိတ်နိုင်ငံ ကျေးလက်စတိုးဆိုင်တွင် မစ္စတာဂျက်ဆင်အမ်ဝါဇီနှင့်အတူ အလုပ်လုပ်ကိုင်နေသော အဘူ ဗက်ရှားဆိုသူက မစ္စတာ ဂျက်ဆင်းသည် ၂၀၁၃ ခုနှစ်က ၎င်း၏သားကို စွန့်လွှတ်ခဲ့ကြောင်း၊ တယ်လီဂရပ် သတင်းစာကို ပြောပြခဲ့ သည်။ ၎င်း၏ သားဖြစ်သူမှာ ရက်စက်ကြမ်းကြုတ်သော လူသတ်သမားတဦး ဖြစ်ကြောင်း မီဒီယာများ၌ စတင်ဖော်ပြကတည်းက ဖခင်ဖြစ်သူ ဂျက်ဆင်းမှာ ရှက်လွန်း၍ အလုပ်ကိုပင် မသွားရဲအောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ကူဝတ်အာဏာပိုင်များကလည်း မစ္စတာဂျက်ဆင်းကို ဂျီဟတ် ဒီဂျုန်းနှင့် ပတ်သက်၍ ခေါ်ယူပြီး စစ်ဆေးမေးမြန်းခဲ့သည်ဟု ဆိုသည်။

မစ္စတာ ဂျက်ဆင်းအမ်ဝါဇီသည် ယခင်က ကူဝိတ်တွင် ရဲအရာရှိတဦးဖြစ်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၁ တွင် အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန် က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်းတွင် အမ်ဝါဇီမိသားစုမှာ အီရတ် မှ ပြောင်းရွှေ့လာသူများဖြစ်၍ ကူဝိတ်နိုင်ငံအပေါ် သစ္စာခံခဲ့မှုနှင့်ပတ်သက်ပြီး သံသယဖြစ်စရာရှိလာခဲ့သည်။ 

မစ္စတာအမ်ဝါဇီသည် ဇနီးနှင့်မိသားစုကို ခေါ်ယူပြီး ၁၉၉၃ တွင် လန်ဒန် သို့ပြောင်းရွှေ့နေထိုင်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် ဗြိတိသျှနိုင်ငံသား အသိအမှတ်ပြု ခံရသည်။ နောက်တနှစ်တွင် ၎င်းသည် ကူဝိတ်နိုင်ငံသို့ ပြန် သွားခဲ့သည်။ ဂျီဟတ်ဒီဂျွန်ကို ၁၉၈၈ တွင် ကူဝိတ်နိုင်ငံ၌ မွေးခဲ့သည်။ ပင်လယ်ကွေ့ စစ်ပွဲအပြီးတွင် မိ သားစုနှင့်အတူ ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး လန်ဒန်တက္ကသိုလ် မှ ဘွဲ့ရခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အလုပ်လုပ်ရန်အတွက် ကူးစိတ်သို့ ပြန်သွားခဲ့သည်။

ထွဋ်ဝင်းထွဋ် - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ