ဦးသိန်းစိန်အား လွှတ်ပေးကြပါ


မြန်မာပြည်သည် ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ပေါင်း ၆၇ နှစ်အတွင်း အရပ်သား ဖြစ်သော ဦးနု မှ ၁၂ နှစ်သာမျှသာ (အိမ်စောင့်အစိုးရ ၂ နှစ်) အုပ်ချုပ်ခွင့် ရခဲ့ပြီး ကျန် ခေတ်အဆက်ဆက်ကို စစ်ဗိုလ် ချုပ်များ ဖြစ်သော ဗိုလ်နေ၀င်း၊ ဗိုလ်စောမောင် နှင့် ဗိုလ်သန်းရွှေတို့ အဆင့်ဆင့်အုပ်ချုပ်ခဲ့ကြရာတွင် ပြည် သူပြည်သားများအား နိုင့်ထက်စီးနင်း နှိပ်စက်ကလူ ပြုရာတွင်၎င်း၊ တိုင်းပြည်အား မွဲသထက်မွဲအောင် ဖန်တီးကြရာတွင်၎င်း၊ တိုင်းပြည်ဘဏ္ကာငွေများကို အတားအဆီးမဲ့ လုယက်ယူငင်ကြရာတွင်၎င်း သူ့ထက်ငါ လက်စွမ်းပြလာကြရာ သချာင်္ ကျွမ်းကျင်သူတဦးမှသာ အထက်ပါ အချက် ၃ ချက်နှင့် နှစ်တို့ကို X,Y ၀င်ရိုးထား ဂရပ်ဆွဲပါက မျဉ်းကြောင်းသည် အပေါ်သို့သာ ထောင်တက်နေသည်ကို မြင်ရပေမည်မှာ မလွဲပေ။

အဆိုပါ စစ်ဘီးလူးများက အားရပါးရ မြိမ်ရည်ရှက်ရေ သုံးဆောင်ပြီးနောက် ဆက်လက် အဆီရစ်နိုင်ရန် ငယ်မွေးခြံပေါက် ဖြစ်သူ ဗိုလ်သိန်းစိန်အား ပွဲထုတ်လာခဲ့ကြသည်။

ပွဲထုတ်ရာတွင်လည်း နှစ်ပေါင်းများစွာ လိမ်စားလာကြသူများပီပီ ရိုးရိုး ပွဲထုတ်လို့ မဖြစ်မှန်း သိကြရကာ လူသားမျက်နှာနှင့် စစ်အာဏာရှင်စနစ်ကို ဒီမိုကရေစီ သနပ်ခါး သုတ်လိမ်း၍ ပွဲထုတ်လာခဲ့ကြသည်။

သို့သော် ဗိုလ်သိန်းစိန်သည် လာဒ်လာဘ ကင်းရှင်းနေသူ ဖြစ်ဆဲဟု သံတမာန် အသိုင်းအ၀ိုင်းက ပြောဆိုနေသူ ဖြစ်သဖြင့် အဘယ့်ကြောင့် ခေါင်ကလုံပါလျက် အောက်ကမလုံဖြစ်နေရသနည်း၊ ရှင်းပါ သည်။ ဖက်ဆစ်ဂျပန်ခေတ်က ပေးခဲ့သော ရွှေရည်စိမ် လွတ်လပ်ရေးကြီးတွင် အဓိပတိ လုပ်ရသူ ဒေါက် တာ ဘမော်နှင့် ဗိုလ်သိန်းစိန် မည်သို့မျှ ခြားနားမှုမရှိပေ၊ စစ်အာဏာရှင် အလိုကျ ကရသည့် ရုပ်သေးသမ္မ တ ဘ၀ သာလျင် ဖြစ်နေသောကြောင့်ပင်။

ယခု လက်ပံတန်းတွင် မတ်လ၏ ပြင်းပြသော နေပူရှိန်အောက်တွင် ငုတ်တုတ်ထိုင် ဆန္ဒထုတ်ဖေါ်နေ ကြသော ကျောင်းသား၊ ရဟန်းသံဃာများအား သံဆူးကြိုး အထပ်ထပ် ကာရံပြီး ပိတ်ဆို့ထားနေသည့် အဖြစ်က ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့သွားနေပါပြီဟု တစာစာ အော်ဟစ်နေကြသော လူများ အဘယ် သို့ ရှင်းကြပေမည်နည်း၊ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

လက်ရှိ အနေအထားကို ကြည့်ရလျင် မကြာသေးမီက ဟောင်ကောင် ကျောင်းသားများ၏ Umbrella movement ကို တရုတ် အစိုးရမှ war of attrition နည်းဗျူဟာကို ကျင့်သုံး၍ စိတ်ပမ်းလူပမ်း နောက်ဆုံး လူထုမှ ငြိုငြင်လာကာ ကိုယ့်ဇတ်ကို ကိုယ်သိမ်းသွားကြမည်ဟု စိတ်ကူးယဉ်ကောင်း ယဉ်နေပေဦးမည်။

သို့သော် ဟောင်ကောင်ကျောင်းသားများကဲ့သို့ ipad, iphone များဖြင့် ရောက်လာသူများမဟုတ်ကြ၊ မိမိတို့ကျောင်းသားများကြည့်က အချို့ စီးစရာ ဖိနပ်ပင် ကောင်းကောင်း မရှိကြ။ သူတို့တွင် ရှိသည့် ယုံကြည်ချက်က မိမိတို့ မျိုးနွယ်များအား လူညွန့်တုံးအောင် ပြုလုပ်နေသော ပညာရေး စနစ်ဆိုးကြီးကို အပြီးပိုင် ဖုတ်သွင်း မီးသဂြိုလ် ပြစ်ရန် သံဓိဌာန် ချထားပြီးပုံရသည်။

အစိုးရမှ ပြုလုပ်နေသော နည်းဗျုဟာကို ကောင်းစွာနားလည်ကြသဖြင့် ယနေ့နေစွဲဖြင့် ကြေငြာချက်တစောင် ထုတ်ပြန်ရာတွင် ၎င်းတို့တောင်းဆိုသည့် ရန်ကုန်သို့ မော်တော်ကားများဖြင့် ချီတက်မည့်အရေးကို မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီ နောက်ဆုံးထား၍ အကြောင်းပြန်ခြင်းကို စောင့်ဆိုင်းမည်ဖြစ်ပြီး၊ အကြောင်းပြန်ခြင်း မရှိပါက ဆက်လက်ချီတက်မည် ဖြစ်သဖြင့် ဖြစ်ပေါ်လာသော အကျိုးဆက်များကို အစိုးရမှ တာဝန်ယူရမည်ဟု ဆိုသည်။

ကျောင်းသားများသည် မန္တလေးမှ စတင်ချီတက်ရာ လမ်းတလျောက်တွင် မြို့ရွာ အေးချမ်းတည်ငြိမ်ရေးကို မည်သို့မျှ အနှောက်အယှက်မပြုကြသည့်ပြင် မြို့ခံလူထုမှ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်ကို တွေ့ရ သဖြင့် ဦးသိန်းစိန် အစိုးရ မည်ကဲ့သို့များ ဆင်ခြေပေးဦးမည်နည်း၊

ဦးသိန်းစိန် အနေဖြင့် ပြုတ်လုပြုတ်ခင် ဖြစ်နေသော ၎င်း၏ လူသား မျက်နှာဖုံးအား အပြီးခွာချမည်လော၊ သို့မဟုတ် ပြန်တပ်ဦးမည်လော တစ်လမ်းသာ ရွေးခွင့် ရှိတော့သည်။

မိမိအနေဖြင့် ဆိုရလျင် လူသား မျက်နှာဖုံးအား ခွာချရန် စောလွန်းနေသဖြင့် ပြန်တပ်စေချင်မိသည်။ ခွာချပြီး ပါကလည်း စစ်အာဏာရှင်များ အနေဖြင့် ဗိုလ်သိန်းစိန်ကြီး မှ ယခင်ကကဲ့သို့ မိဘပြည်သူများ ဆက်လုပ်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ သဖြင့် သူ သွားလိုရာသာ သွားခွင့်ပြုဘို့ တိုက်တွန်းလိုက်ရပါသည်။

ဥာဏ်လှိုင်း

မှတ်ချက်များ