ဘာသာရေးကျောင်းတွေ ဖွင့်ခွင့် မပြုရေး လွှတ်တော်ကြားနာပွဲမှာ တင်ပြ

အမျိုးသားလွှတ်တော်မှာ မတ်လ ၅ ရက်နေ့က အမျိုးသားပညာရေး ဥပဒေမူကြမ်း ကြားနာပွဲ ကျင်းပစဉ် ။
 Photo: Myo Thant Khaing/RFA
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားလွှတ်တော်မှာကျင်းပတဲ့ ကြားနာပွဲကို ကျောင်း သားသပိတ်ကိုထောက်ခံတဲ့ ပြည်သူ့ကိုယ်စားလှယ် ၄ ဦး တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ ကြားနာပွဲကို တက်ရောက်ခဲ့တဲ့ ဦးခင်မောင်လွင်က ဘာသာရေးကျောင်းတွေကို ဖွင့်ခွင့်မပြုဖို့ တင်ပြဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

"တခြားဘာသာရေးကနေဖွင့်လှစ်တဲ့ပညာ သင်ကျောင်းတွေအကုန်လုံးကို ခွင့်မပြုဖို့ ကျနော်တို့ အဓိက
ဆွေးနွေးတင်ပြခဲ့တာဖြစ်ပါတယ်၊ နောက် မိခင် ဘာသာစကားနေရာမှာ ကျနော်တို့ ကျောင်းမှ သင်ကြား သည့် ဘာသာစကားသည် မိခင်ဘာသာ စကား ဖြစ်ရပါမယ် အခြေခံပညာကျောင်းတွေ အကုန်လုံးပေါ့ "

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကြမ်းအပေါ်ကြားနာပွဲမှာ ကျောင်းသား သပိတ်စစ်ကြောင်း ကို အားပေးထောက်ခံတဲ့ ပြည်သူတွေအနေနဲ့ ပါဝင်ဆွေးနွေးခွင့်ရှိကြောင်း ကြေညာခဲ့ရာ စာရင်းပေးသူ ၆ ဦးရှိပြီး ၄ ဦး တက်ရောက်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

မှတ်ချက်များ