နာမည်ကြီးထိုင်းအဆိုတော် ထုံချိုင်း မြန်မာနိုင်ငံသို့ ရောက်ရှိ

ဓာတ်ပုံ- ကျော်ဇင်သန်း

တစ်ခေတ်တစ်ခါက မြန်မာပရိသတ်များ ကြိုက်နှစ်သက်ခဲ့ကြသော "Sabai Sabai" သီချင်းရှင် နာမည်ကြီး ထိုင်းအဆိုတော် ထုံချိုင်းမြန်မာနိုင်ငံသို့ မတ်လ ၂၉ ရက်နေ့လယ်တွင် ရောက်ရှိလာသည်။

မြန်မာနိုင်ငံမှ ၎င်း၏ ပရိသတ်များအပါအ၀င် ထိုင်းနိုင်ငံမှ အမာခံပရိသတ်အချို့လည်း ထုံချိုင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်ကြိုဆိုခဲ့ကြသည်။

ထုံချိုင်းသည် ထိုင်းနိုင်ငံထုတ်မဂ္ဂဇင်းတစ်စောင်အတွက် ဓာတ်ပုံရိုက်ကူးရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း
ဖြစ်ပြီး မြန်မာနိုင်ငံ၌ နေထိုင်သည့် ရက်အတွင်း ရန်ကုန်မြို့တော်ဝင်စင်တာရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် တည်းခိုမည်ဖြစ်သည်။

7day

မှတ်ချက်များ