လက်ပံတန်းမြို့ ကျောင်းသားသပိတ်စခန်း ဖြိုခွဲခံရချိန်မှာ သတင်းမီဒီယာသမားတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ဖမ်းဆီးတာဟာ သတင်းမီဒီယာဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်နေကြောင်း မြန် မာနိုင်ငံစာနယ်ဇင်းကောင်စီက ပြည်ထဲရေးဝန်ကြီးဌာန ထံ စာပေးပို့လိုက်ပါတယ်။
သတင်းမီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်နှက်ဖမ်းဆီးတာကို ကန့်ကွက်ကြောင်းနဲ့ ဖမ်းဆီးခံ ထားရတဲ့ သတင်းသမားတွေကို ချက်ချင်းပြန် လွှတ်ဖို့ အဲဒီစာမှာ တောင်းဆိုထားတယ်လို့ စာနယ်ဇင်း
ကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါတယ်။
“ကျနော်တို့က ဒီပြဿနာမှာ သတင်းယူတဲ့ မီဒီယာ သမားတွေကို အကြောင်းမဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်နှက် တာတွေ ဖမ်းဆီးတာတွေလုပ်တာကို အဓိကကန့်ကွက်ရှုတ်ချတယ်၊ နောက်ဖမ်းဆီးခံထားရ သူတွေကို ပြန်လွှတ်ပေးရမယ်”
ဒါ့အပြင် သတင်းသမားတွေကို ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်းနဲ့ လက်ပံ တန်းမြို့မှာ သတင်းထောက်တွေ ဖမ်းဆီးခံရတာဟာ အခုဆိုရင် ၂ ကြိမ်ရှိပြီဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ ဒါဏ်ရာရသူနဲ့ ဖမ်းဆီးခံထားရသူ သတင်းမီဒီယာသမားတချို့ရှိခဲ့ပေမဲ့ အရေအတွက်ကို အတိအ ကျမသိရသေးပါဘူး။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးကို RFA သတင်းထောက် မပြုံးမို့မို့ဇင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

.jpg)
မှတ်ချက်များ