မျက်စိအားကောင်းစေမည့် အစားအစာများ


ဇက်ကြောခဏခဏတက်သူများ၊ မျက်စိညောင်းပြီး ခေါင်းကိုက်သူများဟာ ဗီတာမင်အေ၊ ဗီတာမင်အီးတို့လို ဓါတ်ချို့ယွင်းအားနည်းနေသည့်အတွက် မကြာခဏ ထိုကဲ့သို့ ဖြစ်ရပါတယ်။

ဒါ့ကြောင့် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီးတို့ ပြည့်ဝစွာပါဝင်ထားတဲ့ အစိမ်းရောင်နဲ့အ၀ါရောင် များပါဝင်တဲ့ အောက်ပါသစ်သီးများနဲ့ အစားအစာများကို များများစာပေးသင့်ပါတယ်။

(၁) ပန်းဂေါ်ဖီအမျိုးမျိုး

(၂) မုန်လာဥနီ

(၃) ဟင်းနုနယ်ရွက်

(၄) ငရုတ်ပွသီး

(၅) စပျစ်သီး

(၆) ထောပတ်သီး

(၇) စတော်ဘယ်ရီသီး

(၈) ကန်ဇွန်းဥ

(၉) အဆီနည်းသော ငါးအမျိုးမျိုး

(၁၀) ပဲဆန်၊ ပဲစိအမျိုးမျိုး တို့ဖြစ်ပါတယ်။

ဒီအစားအစာ(၁၀)မျိုးကို တစ်မျိုးပြီးတစ်မျိုး မကြာခဏ စားသုံးပေးပါ။ မျက်စိအာရုံကြောအားကောင်းလာပြီး မျက်စိမှုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ညောတက်ခြင်းများ ကင်းဝေးသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ 10 Super foods For Eyes

မှတ်ချက်များ