လက်ပံတန်းဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူများကို မိဘအုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံဟု အစိုးရအွန်လိုင်းသတင်းစာ (MOI Webportal) ကဖော်ပြ



လက်ပံတန်း မတ် ၁၄ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မတ် ၁၀ ရက်ဖြစ်စဉ်မှ ဖမ်းဆီး ထိန်းသိမ်း ခဲ့သူများအနက် ကျောင်းသား၊ ကျောင်းသူများကို စိစစ်၍ ဆက်လက် ပညာသင်ကြားနိုင်ရေး သက်ဆိုင် ရာဒေသအသီးသီးရှိ ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံ ဆက်သွယ်အကြောင်းကြားခေါ်ယူပြီး မတ် ၁၁ ရက် နံနက်ပိုင်းမှစ ၍ ပြန်လည်အပ်နှံပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် ကျောင်းသား (၁) ဦးကို သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံ ပြန်လည်အပ်နှံပေးခဲ့ ရာ စုစုပေါင်း (၂၇) ဦးကို ပြန်လည် အပ်နှံစေ လွှတ်ပြီးဖြစ်ကြောင်း သိရသည်။

မှတ်ချက်များ