အရည်ပျော်နေတဲ့ ချောကလက် ကန်ထဲမှာ ပုန်းအောင်းပြီး ဗြိတိန်နိုင်ငံထဲ ခိုးဝင်ခဲ့တဲ့ ထွက်ပြေး ခိုလှုံသူ ၇ ဦး
ဆီးရီးယားနိုင်ငံကနေ ဗြိတိန်နိုင်ငံ အတွင်းသို့ ထွက်ပြေးခိုလှုံလာသူ တစ်ယောက်ဟာ သူဗြိတိန်နိုင်ငံကို ခိုးဝင်ရောက်ခဲ့စဉ်က အရည်ပျော်နေတဲ့ ချောကလက်ကန်ထဲမှာ သေမလိုဖြစ်ခဲ့ရတဲ့အကြောင်းတွေကို ကြောက်လန့်ဖွယ် ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အမည်မဖော်လိုသူ ထိုပုဂ္ဂိုလ်ဟာCalias မြို့မှာရှိတဲ့ ဒုက္ခသည် စခန်းကနေ ဗြိတိန်နိုင်ငံကိုသွားမယ့် လော ရီကားပေါ်သို့ ခုန်တက် လိုက်ပါလာခဲ့ပြီး ချောကလက်တွေ ထည့်ထားတဲ့ စည်ထဲမှာ ပုန်းအောင်း လိုက်ပါ ခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ထိုဆီးရီးယားပုဂ္ဂိုလ် အပါအ၀င် အခြားထွက်ပြေးခိုလှုံသူ ၆ ယောက်တို့ဟာ လောရီ ကားထဲကနေ ထွက်လိုက်ကြပါတော့တယ်။ အဲဒီအချိန်တုန်းက အသက် ၂၅ နှစ်သာရှိသေးတဲ့ ထိုဆီးရီး ယား ပုဂ္ဂိုလ်က “ကျွန်တော်တို့ အဲဒီတိုင်ကီထဲမှာ ဘာတွေရှိလဲမသိပါဘူး။ ဒါပေမယ့် အဲဒီအနံ့ ရလိုက်တဲ့ အခါမှာ မှ ချောကလက်တွေဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ ဗြိတိန်နိုင်ငံထဲကို ချော့ကလက်အပူတွေ ထည့်ထားတဲ့ တိုင်ကီထဲမှာ ပုန်းအောင်းပြီး လိုက်ပါခဲ့ရပါတယ်” လို့ ဆိုပါတယ်။
ထိုပုဂ္ဂိလ်ဟာ အခြားဆီးရီးယား ထွက်ပြေးခိုလှုံသူ ၄ ယောက် ၊ အီဂျစ် ထွက်ပြေးဒခိုလှုံသူ ၂ ယောက် နဲ့ အတူ အားလုံးပေါင်း ၇ ယောက်တိတိ ထိုစည်တွေထဲမှာ လိုက်ပါလာခဲ့ကြတာ ဖြစ်ပါတယ်။ ထိုစည်တွေ ကတော့ သော့ခတ်ထားထာဖြစ်ပေမယ့် ဒရိုင်ဘာ အိပ်ပျော်နေချိန်မှာသော့တွေကို တိတ်တခိုးဖွင့်ပြီး ၀င်ရောက် ခဲ့ရတယ်လို့ သိရပါတယ်။
ချော့ကလက်ကန်ထဲမှာ ရောက်ရောက်ချင်းက မသိသာပေမယ့် ၁၅ မိနစ်ခန့်အကြာမှာတော့ ချော့ကလက်နွံ ထဲ မနစ်သွားစေဖို့ ခြေထောက်တွေကိုလည်း လှုပ်ရှားနေခဲ့ရတယ်လို့ဆိုတဲ့ ထိုဆီးရီးယား ပုဂ္ဂိုလ်ဟာ လက် ရှိမှာတော့ ရှက်ဖီးလ် မြို့မှာ အခြေကျ နေပြီဖြစ်တယ်လို့ သိရပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ