ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ထိပ်တန်းလျှို့ဝှက်ချက်များ


အချိန်တိုင်းလိုလို ပျော်ပျော်ရွှင်ရွှင်ရှိနေတက်ကြတဲ့ စုံတွဲချစ်သူလင်မယားတွေရဲ့ ဆက်ဆံရေးကို အများက အားကျတက်ကြပါတယ်။ ပျော်ရွှင်စွာနေထိုင်တက်ကြတဲ့ စုံတွဲတွေရဲ့ နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်ဆို တာ ရှိပါတယ်။ ဒီလျှို့ဝှက်ချက်တွေထဲမှာ အရေးအကြီးဆုံး အချက်တွေကို စစ်တမ်းကောက်ပြီး အခုလို စာ ရင်းပြုစုထားပါတယ်။

ယုံကြည်မှု၊ တစ်ဦးနဲ့ တစ်ဦးလိုက်လျောညီထွေရှိမှုနဲ့ ရိုးသားစွာ ဆက်ဆံမှုဟာ ပျော်ရွှင်စွာ နေထိုင်တဲ့ စုံ တွဲတွေရဲ့ အရေးအကြီးဆုံး အချက်သုံးချက်ဖြစ်ပါတယ်။ စုံတွဲတစ်တွဲကြားမှာ ဒီသုံးချက်ရှိနေပြီဆိုရင်တော့ တော်ရုံပြဿာနာဟာ ဘာမှမဟုတ်တော့ဘူးလို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ စုံတွဲတွေကို သုတေ သနပြုချက်တွေအရတော့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးရဲ့နောက်ကွယ်မှာ ကားတစ်ယောက်တစ်စီးရှိခြင်း၊ ရေချိုးခန်းအတူတွဲသုံးခြင်း နဲ့ ရုပ်ရှင်အတူကြည့်ခြင်းတို့ ထိပ်ဆုံးက ပါဝင်နေတာ တွေ့ရပါတယ်။ 

ကိုယ့်ဇနီးကို ဘယ်လိုသိမ်းသွင်းမလဲ ဆိုတဲ့ စာအုပ်ထဲမှာလည်း သာယာတဲ့အိမ်ထောင်ရေးလျှို့ဝှက်ချက် အချက် ၅၀ ကိုဖော်ပြထားရာမှာ လိင်ကိစ္စဟာ အဆင့် ၂၀ မှာပဲရှိနေတာတွေ့ရပါတယ်။ ချစ်သူနှစ်ဦးကြားမှာ လိင်ကိစ္စထက် ပိုပြီးအရေးကြီးတဲ့ အရာ ၁၉ ချက်ရှိနေသေးတယ်ဆိုတဲ့ သဘောကို ညွှန်ပြနေပါတယ်။

ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးက သူတို့ရဲ့မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေနဲ့ သွားတွေ့တဲ့အခါ ကိုယ်ကလည်း မညည်းမညူလိုက်ပေးဖို့ လိုအပ်ပါတယ်။ နောက်ထပ်အရေးကြီးတာက facebook မိတ်ဆွေစာရင်းထဲမှာ ကိုယ့်ရည်းစားဟောင်းတွေ ရှိမနေဖို့လည်း လိုပါသေးတယ်။

Planmet Myanmar Nentwork

မှတ်ချက်များ