ဆန်းသစ်တီထွင်မှုတွေကို ပြုလုပ်ရတာကြိုက်တဲ့ ဂျပန်လူမျိုးတွေက နောက်ထပ်ဖန်တီး မှုအသစ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲ့ဒါကတော့ ကလေးငယ်တွေကော လူကြီး တွေပ် ကြိုက်နှစ်သက်ကြတဲ့ ပြည်တွင်း ထုတ် မုန့်အချိုမုန့်လုပ်ငန်းကုမ္ပဏီက ထုတ်လုပ် လိုက်တဲ့ အမျိုးသမီးသုံးလစဉ်အတွင်းခံပစ္စည်း၊ ဆီးခံ ခွက်တွေနဲ့ ပါကင်ထုပ်ထားတဲ့ ဂျယ်လီမုန့်အချိုတွေပဲဖြစ်ပါတယ်။
ပုံစံကိုအမြင်နဲ့ကြည့်မယ်ဆိုရင် ဘယ်လိုမှ စားချင် စရာ၊ မသတီစရာဖြစ်ပေမယ့်လည်း ထုတ်လုပ်ရေးအနေ နဲ့က အကောင်းဆုံးအရသာ ဖော်စပ်မှု၊ အရည်အသွေးတွေရှိနေကြောင်း ကြော်ငြာထားပါတယ်။
လိင်ပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ဂျပန်နိုင်ငံဟာဆိုရင် လိင်နဲ့ပတ် သက်တဲ့ လှုံ့ဆော် မှုများ၊ အသိပညာပေး ဆွေးနွေးခြင်းများကို အမြဲလိုလိုသရုပ်ပြလုပ် ဆောင်ကြတာမျိုးတွေရှိပါတယ်။
ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာနဲ့စပ်ဆက်မှုရှိတဲ့ ပစ္စည်းတွေ ကို အစားအစာများအဖြစ်ပြောင်းလဲထုတ်လုပ်လိုက် တာက ပြည်ပဈေးကွက်က ဈေး ဝယ်သူတွေအတွက် မရင်းနှီးစရာ၊ မအပ်စပ် စရာဖြစ်သော်လည်းပဲ ပြည်တွင်းက စားသုံး သူတွေအတွက်တော့ မစိမ်းနိုင်ကြောင်းကို စားသုံးသူတစ်ဦးက သုံးစပ်ပြောကြားပါ တယ်။
ဒီ အချိုမုန့် ဂျယ်လီကို ဈေးကွက်ထဲကို စတင်ဖြန့်ဖြူးနေပြီး မုန့်အရသာအနေနဲ့ စတော် ဘယ်ရီ၊ စပျစ်၊ ချယ်ရီ၊ တို့နဲ့ စားသုံးနိုင်မှာဖြစ်ကာ အရသာကောအမြင်ပါ လှပဆန်းသစ် စေမယ့် ခံစားမှုများကို ခံစားရနိုင်မှာ ပဲဖြစ်ပါတယ်။
Phothutaw


မှတ်ချက်များ