ကျောင်းသား (၃) ဦးနဲ့ ချစ်တင်းနှောခဲ့တဲ့ ဆရာမ ထောင် (၁၅) နှစ် ကျခံရဖွယ်ရှိ


အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာရှိတဲ့ ကျောင်းဆရာမဟောင်း တစ်ဦးဟာ ကျောင်းသား (၃) ဦးနဲ့ ချစ်တင်း နှောခဲ့ တာကြောင့် ထောင်ဒဏ် (၁၅) နှစ်ခန့် ကျခံရဖွယ်ရှိနေတယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိ ဂျနီဖာဖစ်တာဟာ ဥပဒေ နဲ့ မ ညီညွတ်တဲ့ လိင်ဆက်ဆံမှု (၃၇)ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးမှာ စွဲချက်တင်ထားပြီး လာမယ့် ဇူလိုင်မှာ အပြီးသတ် အမိန့် ချမှတ် သွားမှာ ဖြစ်ပြီး အပြစ်ရှိ ကြောင်း တွေ့ရှိပါက ထောင် (၁၅)နှစ် ချမှတ် ခံရမှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာ ဆရာမ ဂျနီဖာဖစ်တာဟာ ပြီးခဲ့တဲ့ ဧပြီမှာ ထုတ်ပယ်ခံရပြီး နောက် ၊ စစ်ဆေးမှုတွေ ခံယူနေ ရတာ ဖြစ်ပါ တယ်။ ဂျနီဖာဖစ်တာဟာ လိပ်လန်းမြို့ရှိ လေကြောင်း ပညာရပ် ဆိုင်ရာ ကျောင်းမှာ တာဝန် ထမ်းဆောင်ရင်း အသက် (၁၇)နှစ် အရွယ် ကျောင်းသား (၃) ဦးနဲ့ ငြိစွန်းခဲ့တာ ဖြစ်ပြီး အဲဒီထဲက တစ်ဦးနဲ့ ကိုယ်ဝန်တောင်ရ ခဲ့ပြီး ဖျက်ချပစ်ခဲ့ တယ်လို့ ဆိုထား ပါတယ်။ ကျောင်းသားမိဘ တစ်ဦးဟာ သားဖြစ်သူနဲ့ ဆရာမတို့ လိင်အကြောင်း အပြန်အလှန် ပြောဆိုထားတဲ့ ဖုန်းမက်ဆေ့ခ်ျကို သိရ ပြီးနောက် ကျောင်းကို တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ဆရာမဟာ တာဝန်ကနေ ရပ်စဲခံရပြီး အမှုရင် ဆိုင်နေရခြင်း ဖြစ်ပါတယ်။

messenger

မှတ်ချက်များ