အရှင့်သမီးတော်ရဲ့ ထိုင်းပြည်သူတို့ပေါ်ထားရှိတဲ့ မေတ္တာတရား၊ ဆောင်ရွက်ချက်တွေအပေါ် ကျေးဇူးတင်ရှိ
ကြောင်း ပြသတဲ့အနေနဲ့ သမီးတော်ရုပ်ပုံပါ ၁၀၀ တန်ငွေစက္ကူကို မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေတာ လို့ ထိုင်းအမျိုးသားဗဟိုဘဏ်ဥက္ကဋ္ဌ နိုင်းပရဆန် တလိုင်းရတ်ဝန်းကွန်းက ဗဟိုဘဏ်စာအမှတ် ၁၆/၂၅၅၈ နဲ့ ထုတ်ပြန်ကြေညာပါတယ်။
ငွေစက္ကူ အရွယ်အစား နဲ့ အရောင်တွေဟာ လက်ရှိသုံးစွဲနေကြတဲ့ အရောင်အတိုင်းသာဖြစ်ပြီး တဘက်က သမီးတော်ပုံ၊ တဘက်က ဘုရင်မင်းမြတ်ပုံ ပါရှိကာ၊ ငွေစက္ကူ အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ဖို့ ရေစာ၊ ရွှေကြိုးတွေကို အဆင်မြင့်ပညာနဲ့ မြှုပ်နှံထည့်သွင်းထားကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ငွေစက္ကူကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘတ် ၁၀ သန်းဖိုးသာ ထုတ်ဝေမှာဖြစ်ပြီး မည်သူမဆို ဧပြီလ ၂ ရက်နေ့ကစ နီးစပ်ရာဘဏ်တိုက်တွေမှာ မိမိလက်ရှိ ၁၀၀ တန် ငွေစက္ကူနဲ့ သွားရောက်လဲလှယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။
DVB

မှတ်ချက်များ