တစ်ဖန်ပြန်ခေတ်စားလာတဲ့ Choker လည်ပတ်လေးတွေကို ဘယ်လိုဆင်မြန်းရင် အထာကျမလဲ


ဖက်ရှင်ရေစီးကြောင်းကို ပြန်ကြည့်လိုက်ရင် Choker လို့ခေါ်တဲ့ လည်ပင်းနဲ့ကွက်တိ၊ ကွင်း၊ ဆွဲကြိုးမျိုးတွေ ကို ဟိုးအရင်ကတည်းက ဆင်မြန်းခဲ့ကြတာတွေ့ရမှာပါ။ အထူးသဖြင့်တော့ ပန့်ခ်ဆန်တဲ့ ဖက်ရှင်ကို နှစ်ခြိုက်တဲ့ ကောင်လေး၊ ကောင်မလေးတွေက rivet ပါတဲ့ Choker လည်ပတ်လေးတွေကို ဆွဲဖူးကြ တယ်လေ။ ခုလတ်တလောမှာတော့ Choker ဖက်ရှင်ဟာ ပျိုမေတွေကြား ရေပန်းစားလာခဲ့ပါပြီ။ ထသွားထလာတွေမှာတောင် Choker ဆွဲကြိုးလေးတွေနဲ့ လက်ပတ်တွေကိုပါ တွဲဝတ်လာကြတာမို့ ဒီဖက်ရှင်မျိုး ပွဲတက်ဆိုရင်ရော ဘယ်လိုဆင်မြန်းနိုင်တယ်ဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။မိန်းကလေးအများစု သဘောကျတဲ့ ရိုးရှင်းတဲ့ Choker ဒီဇိုင်းပါ။ ထသွားထလာတွေမှာ အသုံးဆုံး၊ အ၀တ်ဆုံးနဲ့ အရောင်းရဆုံး ဒီဇိုင်းလေးပေါ့။


၁။လည်ထောင် အကျီမျိုးတွေပေါ်မှာ Choker ဆွဲကြိုးကို ဆင်မြန်းနိုင်ပါတယ်။ အထာကျတဲ့ အပြင် အမြင်လည်း ဆန်းစေမှာပါ။


၂။ကိုယ့်ဆံပင်က အရှည်ဆိုရင် ထသွားထလာပဲဖြစ်ဖြစ်၊ ပွဲတက်ဖြစ်ဖြစ် ဆံပင်ကို ဒီအတိုင်းချထားပြီး လည် ပင်းမှာ Choker ကွင်းတစ်ကွင်းလောက်ကိုပဲ တပ်သွားလိုက်ရင် အားလုံးငေးသွားမှာပါ။ တစ်ခုပါပဲ။ ဖြစ်နိုင်ရင် ရွှေရောင်ကိုသာ ရွေးချယ်ပါ။


၃။ဟိုးအရင်ကတည်းက ခေတ်စားခဲ့တဲ့ ပုလဲနဲ့ ဒီဇိုင်းဖန်တီးထားတဲ့ Choker လည်ပင်းကွင်းလေးတွေ ရှာဝယ်ထားပါ။ ဒါက ဂန္တ၀င်ဆန်ပြီး ဘယ်သူမှ မစဉ်းစားမိတဲ့ အပြင်အဆင်တစ်ခုပါပဲ။


၎။ကိုယ်က ကွင်းသုံးလေးခု ဆင်မြန်းရတာ မကြိုက်ဘူးဆိုရင် ခုလို တစ်ခုတည်းနဲ့ပွဲတိုးစေတဲ့ Choker လည်ပင်းအတိ အဆင်တန်ဆာမျိုး ရှာဝယ်ထားလိုက်ရုံပဲပေါ့။


၅။ပွဲတက်၊ ဒင်နာဆိုရင်တော့ ဆွဲကြိုးအရှည်တွေနဲ့ပါ ခုလို ရောဆွဲပစ်လိုက်ပါ။


၆။အ၀တ်အစား ဒီဇိုင်းတွေထဲမှာ Choker ဆွဲကြိုးနဲ့ လိုက်ဖက်မယ့် ခုလိုပွဲတက် dress တွေရှိရင်လည်း တွဲဝတ်ပစ်လိုက်ပါ။


မေသော် - Trend Myanmar

မှတ်ချက်များ