ကချင်မန္တလာ တိမ်းမှောက်မီးလောင်၊ ငါးဦးသေ ခြောက်ဦးဒဏ်ရာရ


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာအထွက်မိုးညှင်း- ဟိုပင်လမ်းပေါ်တွင် ကချင်မန္တလာ မော်တော်ယာဉ်တစ်စီးတိမ်းမှောက် မီးလောင်ကျွမ်းရာမှကားပေါ်တွင် ပါလာသူ ၁၁ ဦးအနက် ငါးဦး သေဆုံးကာခြောက်ဦးမှာ အသက်အန္တရာယ်ကင်းဝေးခဲ့ကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၁ဝ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ယာဉ်မောင်း အောင်သူရမောင်း နှင်လာသော ကချင်မန္တလာမော် တော်ယာဉ် 4J။---- ခဲရောင် (ဟိုက်အေ့)မှန်လုံယာဉ်သည် မိုး ညှင်း-ဟိုပင်ကားလမ်း နမ္မား ကျေးရွာအထွက် မိုင်တိုင်အမှတ် ၉/၅ နှင့် ၉/၆ အကြား ကား လမ်းအလယ်တွင်ရှိသော မီးတိုင် ကိုတိုက်မိရာမှ တိမ်းမှောက် မီး လောင်ကျွမ်းခဲ့သည်။

ထိုသို့ယာဉ်တိမ်းမှောက်မီး လောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာကြသူ ၁၁ ဦး အနက် ယာဉ်မောင်းအောင်သူရနှင့် ခရီးသည် အမျိုးသားလေးဦး စုစုပေါင်းငါးဦးသေဆုံးကာခြောက်ဦးမှာ အသက်အန္တရာယ်ကင်းဝေးခဲ့သည်။

ယာဉ်တိမ်းမှောက်ရာအနီးရှိ နေအိမ်မှ အမျိုးသားတစ်ဦးက ''ကားက မီးတိုင်ကိုဝင်တိုက်ပြီး တိမ်းမှောက်မီးလောင်သွားတယ်။ ဗို့အား ၁၁ဝဝဝ ရှိတဲ့ မီးကြိုး တစ်ချောင်းပြတ်ကျပြီး မိုးကလဲ သဲသဲမဲမဲ ရွာနေတော့ ကျွန်တော်တို့လဲ အပြင်မထွက်ရဲဘူး။ ဓာတ်လိုက်မှာကြောက်တယ်'' ဟု ပြောကြားခဲ့သည်။

ထိုသို့ယာဉ်တိမ်းမှောက် မီးလောင်ပြီး လူများသေဆုံးမှုကြောင့် မော်တော်ယာဉ်အားမဆင် မခြင်မောင်နှင်သော အောင်သူရ အသက်(၃၂)နှစ်(ဘ)ဦးအေးသောင်း၊ ဆိပ်မူရဲစခန်းအနီး ဖားကန့်မြို့နယ်နေထိုင်သူအား နမ္မားနယ် မြေရဲစခန်းမှ ယာဉ်(ပ)၃/၂ဝ၁၅ ပြစ်မှု ပုဒ်မ ၃ဝ၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကချင်မြေနဂါး - The Union Daily

မှတ်ချက်များ