ကမ်းဘရစ် တက္ကသိုလ် ကျောင်းသားတွေရဲ့ ကတ်ထူပြား လှေလှော်ပြိုင်ပွဲ


ကျောင်းသား ဘ၀ဟာ ဘာနဲ့မှ မတူဘဲ အမှတ်တရ များစွာ ရှိတတ် ပါတယ်။ ကျောင်းသား ဘ၀မှာ ဖြတ်သန်း ခဲ့ရတဲ့ အချိန်တွေဟာ ဘ၀မှာ အမှတ်တရ အရှိဆုံး ကာလလည်း ဖြစ်ပါတယ်။ စာမေးပွဲတွေ ပြီးဆုံး ပြီးတဲ့ နောက်မှာ ကျောင်းသားတွေ ဟာ ပျော်ပွဲရွှင်ပွဲတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်လေ့ ရှိပါတယ်။

ကမ်းဘရစ် တက္ကသိုလ် ဟာ အထင်ရှာဆုံး တက္ကသိုလ်မှာ ပါဝင်ပြီး ထင်ရှား ကျော်ကြားနေသူတွေကို မွေးထုတ် ပေးနေတဲ့ ကျောင်းတော်ကြီးလည်း ဖြစ်ပါတယ်။ ကမ်ဘရစ် တက္ကသိုလ် ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စာမေးပွဲ ဖြေဆိုပြီးတဲ့ နောက် ထူးခြားတဲ့ ပျော်ပွဲ ရွှင်ပွဲ ပြုလုပ် ခဲ့ပါတယ်။ ကျောင်းသား (၂၀၀၀) ကျော် ပါဝင် ဆင်နွှဲတဲ့ အစဉ်အလာ မပျက် ကျင်းပတဲ့ ပြိုင်ပွဲ တစ်ပွဲလည်း ဖြစ်ပါတယ်။

ကတ်ထူပြားတွေကို လှေပုံစံ ဖန်တီးပြီး ကျောင်းသားတွေက လှော်ခတ် ကြခြင်း ဖြစ်ပါတယ်။ ကတ်ထူပုံးနဲ့ ပြုလုပ် ထားတာကြောင့် လှေတွေက ပုံစံ အမျိုးမျိုး ဖြစ်နေပြီး တိတ်တွေနဲ့ ရစ်ပတ်ပြီး ပြိုင်ပွဲ ၀င်ရောက် ဆင်နွှဲ ခဲ့ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲ ၀င်နေစဉ် ကျောင်းသားတွေဟာ အရက်၊ ဘီယာ စတာတွေကိုလည်း သောက်သုံး ခဲ့ကြ ပါတယ်။

အဖွဲ့ပေါင်း (၄၀) ကျော် ၀င်ရောက် ယှဉ်ပြိုင် ခဲ့ပြီး ကျောင်းသားတွေဟာ ၀င်ရောက် ယှဉ်ပြိုင်သူတွေကို ကမ်းနံဘေးမှာ အားပေးမှုတွေ ပြုလုပ် ခဲ့ပါတယ်။ အချို့လှေတွေကတော့ ပြိုင်ပွဲ ၀င်နေစဉ် ကတ်ထူလှေ ပျက်စီး သွားလို့ ပြိုင်ပွဲကို ပြီးဆုံးအောင် မယှဉ်ပြိုင်တဲ့ အခြေအနေမျိုးနဲ့လည်း ကြုံတွေ့ ခဲ့ရ ပါတယ်။

စာမေးပွဲတွေ ပြီးဆုံး ပြီးတဲ့နောက် အမှတ်တရ အဖြစ် ကျင်းပတဲ့ ကတ်ထူ လှေလှော် ပြိုင်ပွဲဟာ ကမ်းဘရစ် တက္ကသိုလ် ကျောင်းသားတွေ အတွက် အမြဲ အမှတ်ရ စေမယ့် ပွဲတစ်ပွဲ ဖြစ်ခဲ့တာကြောင့် ပြိုင်ပွဲကို ကျင်းပ လာတာ (၈၉)နှစ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

messenger

မှတ်ချက်များ