ဖားကန့်မှာ တိုက်ပွဲဆင်နွှဲနေမှု ကချင်လူမှုကွန်ရက် ဝေဖန်

ဖားကန့် ကျောက်စိမ်းတွင်းနယ်မြေ။ ဓါတ်ပုံ - အင်တာနက်
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျောက်စိမ်းတွင်းနယ်မြေ ဖားကန့်မြောက်ဘက်ပိုင်းမှာ KIA တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားရခြင်းဟာ ကျောက်စိမ်းတွင်းနယ်မြေရှိ ကျောက်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အစိုးရတပ်တွေက ဆောင်ရွက်နေတာဖြစ်တယ်လို့ ကချင်လူမူရေးကွန်ရက်တွေက ပြောပါတယ်။

ဖားကန့်ဒေသအတွင်း တပ်စွဲထားတဲ့ KIA တပ်ရင်း ၆ ကို အစိုးရတပ်တွေက ဝင်တိုက်ခဲ့ပြီးနောက် တပ်ရင်း ၆ ရွှေ့ပြောင်းသွားတဲ့မြောက်ဘက်ပိုင်းကို ဆက်လက်ပြီး အစိုးရတပ်တွေက ရှင်းလင်းနေတာဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဆောင်ရွက်ချက်ဟာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီအကျိုးစီးပွားအတွက်ဖြစ် တယ်လို့ ဆိုပါတယ်။ အခုတိုက်ပွဲဖြစ်ပွားတဲ့ ဒေသအနီးမှာ ကုမ္ပဏီတွေက မြေစာပုံဖို့ မြေတွေဝယ်ထားတယ်လို့ ကချင်လူမူရေးကွန်ရက်က ဦးစာဂျီက ခုလိုပြောပါတယ်။

"အဲ့ဒီဘက်ကလွတ်ဖို့ ဒီမှာကျိန်းသေရှိတယ်၊ အဲ့ဒီနဲ့မလှမ်းမဝေးမှာ သူတို့ရဲ့ကုမ္ပဏီရှိတဲ့ မြေစာပစ် ဖို့ပေါ့နော် မြေကွက်တွေအားလုံး သူတို့ယူထားပြီးသားဖြစ်တယ်၊ သူတို့က နေပြည်တော်မှာ ဘယ်နေရာမှာ ဘာလုပ်ဖို့ဆိုတာတွေ သိသောအားဖြင့် အကုန်ချပြီးသားလေ ကုမ္ပဏီတွေအတွက်၊ အခုလောလောဆယ်တော့ ကုမ္ပဏီကြီးတွေမလုပ်ဘူး၊ ဒါပေမဲ့ ဒီဟာစီမံကိန်းတွေ အာလုံးရှိပြီးသားပေါ့နော်"

အခုတိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ၈ဝ ခန့် လုံခင်းနဲ့ ဖားကန့်ဘက်ကို ပြန်ပြေးကြတဲ့အပြင် KIA တပ်ရင်း ၆ ဘက်ကိုလည်း ဒေသခံတွေထွက်ပြေးသလို စဘော့ချောင်းဖျားကတဆင့် နန်းယားရွာဘက်ကို လူ ၈ဝ ခန့် ပြေးသွားတယ်လို့ကချင်သတင်းဌာနအချို့က ဖော်ပြပါတယ်။

RFA Burmese

မှတ်ချက်များ