ရေဓါတ်ခမ်းခြောက်ခြင်းဟာ ဦးနှောက်ကို ထိခိုက်နိုင်
အရက်သောက်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ထိခိုက်မှုတွေ ရှိနေသလိုပဲ ရေဓါတ်ခမ်းခြောက်ခြင်းဟာလည်း သင့်ရဲ့ ကျန်းမာရေးအတွက် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
လေ့လာမှုအသစ်တစ်ခုက တွေ့ရှိခဲ့တာကတော့ ရေဓါတ်ခမ်းခြောက်တတ်ခြင်းဟာလည်း အရက်ကို စွဲလန်းမိသွားသလိုပဲ အန္တရာယ်များပါတယ်။ Loughborough တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ တစ်နာရီကို ရေ ၂၀၀ မီလီလီတာ ခန့်သောက်သုံးသင့်တယ်လို့ ညွှန်ကြားချက်တွေရှိပေမယ့်လည်း တစ်နာရီကို ၂၅ မီလီလီတာသာ သောက်သုံးခဲ့တဲ့ ယာဉ်မောင်းတွေဟာ အမှားတွေကို ၂ ဆ ပိုမိုပြုလုပ်တတ်ကြတာကို တွေ့ခဲ့ရပါတယ်။
ဒါကြောင့် ရေဟာ အရေးကြီးပါတယ်။ ထိုယာဉ်မောင်းတွေကို ဦးနှောက်စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါမှာလည်း မိနစ် ၉၀ ခန့် ရေဓါတ်ခမ်းခြောက်ပြီး ချွေးထွက်ခြင်းဟာ ဦးနှောက်ကို တစ်နှစ်စာ ခန့် အိုမင်းသွားစေနိုင်တာကို တွေ့ရပါတယ်။
ရေဟာ လူတစ်ယောက်ရဲ့ ဦးနှောက်ကို ၇၈ ရာခိုင်နှုန်းနဲ့ ခန္ဓာကိုယ်ရဲ့ သုံးပုံ နှစ်ပုံ ကိုမောင်းနှင်နေပါတယ်။ ဥရောပ စားသောက်ကုန် လုံခြုံရေး အာဏာပိုင်တွေ ညွှန်ကြားထားတာကတော့ အမျိုးသမီးတွေဟာ တစ်နေ့ကို ရေ ၁.၆ လီတာ ( ဖန်ခွက်ဖြင့် ၈ ခွက်) ခန့်သောက်သုံးသင့်ပြီး အမျိုးသားတွေဟာ ၂ လီတာ (ဖန်ခွက်ဖြင့် ၁၀ ခွက်) ခန့်သောက်သုံးသင့်တယ်လို့ သိရပါတယ်။
Trend Myanmar

မှတ်ချက်များ