ပရိတ်သတ်ရှေ့ပြန်လည်ထွက်ပေါ်လာတဲ့ Cindy Crawford


ဝါရင့် ဟောလီးဝုဒ် သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Cindy Crawford ဟာ လှုပ်ရှားမှုတွေ ပျောက်ရှနေတဲ့အချိန်မှာ ပရိတ်သတ်တွေရှေ့ကို ပြန်လည်ထွက်ပေါ်လာပြန်ပါတယ်။

အသက် ၄၉ နှစ်ရှိနေပြီဖြစ်တဲ့ မော်ဒယ်လ် နဲ့ သရုပ်ဆောင် Cindy Crawford ဟာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ကျင်းပတဲ့ Omega နာရီဆိုင် ဖွင့်ပွဲကို တက်ရောက်လာခဲ့ပြီး သူမရဲ့ ဖက်ရှင် နဲ့ အသွင်အပြင်က တော့ နုပျို လန်းဆန်းနေဆဲ ပဲ ဖြစ်ပါတယ်။

ရောင်စုံ ၀တ်စုံ ကို ၀တ်ဆင်ပြီး နာရီဆိုင်ဖွင့်ပွဲမှာ အချိန်ကာလ တစ်ခုရဲ့နောက်ကွယ်က အလှအပ တွေနဲ့ အတူ Cindy Crawford ဟာ ပွဲထွက်လာခဲ့တာ ဖြစ်သလို ထိုနာရီဆိုင်ဖွင့်ပွဲမျိုးဟာ ဟောင်ကောင်မြို့မှာလည်း ကျင်းပခဲ့ပါသေးတယ်။

ဒီနှစ် အစောပိုင်းမှာလည်း သူမဟာ အရမ်းခေတ်ဆန်ပြီး လှပတဲ့ Bikini နဲ့အတူ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာကျင်းပြီး ဓါတ်ပုံ အရိုက်ခံခဲ့ပါသေးတယ်။

ထို Bikini နဲ့ ဓါတ်ပုံကို သူမရဲ့ခင်ပွန်းဖြစ်သူ Rande Gerber ကိုယ်တိုင်ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သူမရဲ့ခင်ပွန်းက သူမအတွက် ဗင်လယ်တိုင်း လက်ဆောင်ပေးအပ်ခဲ့တာ ဖြစ်တဲ့အတွက် သူမက ထို ဓါတ်ပုံကို အင်တာနက်မှာ Post လုပ်ခဲ့တာ ဖြစ်ပါတယ်။

( Mario ) - သစ်ထူးလွင်

မှတ်ချက်များ