ကျပ်သန်း ၁၆၀၀ လိမ်လည်သွားတဲ့Global Growth
7 Day ဂျာနယ်မှာ Global Group ကုမ္ပဏီ ဒေါ်လာ ၁.၄၈ သန်းလိမ်တယ်ဆိုတဲ့သတင်း ပါလာပါတယ်၊ တကယ်နာမည်အစစ်ကGlobal Growth ပါ၊ တိုက်တိုက်ဆိုင်ဆိုင်လွန်ခဲ့တဲ့ ၁လကျော်ကကိုယ်ဆီလာပြီး သူတို့ ဆီ မှာရွှေအရောင်းအဝယ် Online ကနေလုပ်ဖို့ လာပြော တဲ့ကုမ္ပဏီဖြစ်နေတယ်၊ လာရှင်းပြပြီး Follow up ခဏခဏလုပ်တော့သူတို့  ရုံးသွားကြည့် ခဲ့ပါတယ်၊ လေ့လာကြည့်တယ်၊ မထည့်ခဲ့ဘူး၊ ပြဿနာ ဖြစ်မယ်လို့ သုံးသပ်ခဲ့တယ်၊ ဘာကြောင့်မထည့်ခဲ့လည်း ရှင်းပြချင်ပါတယ်၊၊
၁၊၊ ပြည်ပကုမ္ပဏီ Standard Bullion ရဲ့  ရုံးခွဲပြောတယ်၊ နိုင်ငံခြားသားအုပ်ချုပ်တယ်၊ ဒီတော့မေးလိုက်တယ်၊ ပြည်တွင်းပါတနာ ပါလား၊ တကယ်လို့ ငွေကြေးဆုံး ရှုံးမှုဖြစ်ရင်ဘယ်သူ တာဝန်ယူမလဲမေးတယ်၊ နိုင်ငံခြားသားတာဝန်ယူ မယ်၊ ရှေ့ နေနဲ့ စာချုပ်ချုပ်မယ်၊ သုံးလတစ်ခါအရင်း နဲ့ အမြတ် ရှင်းပေးမယ်၊ ပြန်ထည့်ချင်ရင်စာချုပ်အ သစ်ပြန်လုပ်မယ်ပြောတယ်၊ အဲတော့ နိုင်ငံခြားသား ကဒီစာချုပ်မှာ ငွေပေးအယူ လက်မှတ်ထိုးခွင့် မရှိတာသိလားလို့ မေးတော့ မဖြေနိုင်ဘူး၊ ပြန်မေးပေးပါ့ မယ်ဆိုတော့တစ် မှတ်လျှော့
(ဒီမှာ ပြည်ပကလူ တရားဝင် ငွေပေးငွေယူ လက်မှတ်ထိုးခွင့်မရှိဘူး)
၂၊၊ လုပ်ချင်ရင်နှစ်နည်းရှိတယ်၊ ပထမနည်းက သူတို့ ကိုငွေသွင်း၊ အနည်းဆုံး ဒေါ်လာ ၁၀၀၀၀၊ ကိုယ်ဟာကိုယ်ရွှေအရောင်း အဝယ်Online လုပ်၊ သူတို့ ငွေကြေးအကြံပေး တစ်ယောက် ကိုယ်အတွက်ပေးထားမယ်၊ မနက်တိုင်း ကမ္ဘာဈေးကွက်အနေအထား သုံးသပ်ပွဲလုပ်ပေး မယ်၊လာတက်၊ ဒီမှာမြတ်နေ သူတွေရဲ့ ဝင်ငွေတွေ တစ်လတည်း ဒေါ်လာ ၁၀၀၀၀ လောက်မြတ်နေတယ်ဆိုပြီး ဖုန်းအင်တာနက်ကနေ အကောင့်တစ်ခု ဖွင့်ပြတယ်၊ ဆိုင်ကိုလိုဂျီပေါ့၊ငွေပြန်ထုတ်ချင် ရင်အများဆုံးသုံးရက်ပဲစောင့်၊ ဒုတိယနည်းက ကိုယ့်ဟာကိုယ်မလုပ်နဲ၊ ရှုံးမှာစိုးလို့ သူတို့ ပဲအရောင်းအဝယ်လုပ်ပေးမယ်၊ ငွေတော့သုံးလ တစ်ခါပြန်ထုတ်ပေးမယ်၊ အမြတ်ရဲ့ ၆၀% ကို ကိုယ့်ယူ၊ ၄၀%ကိုသူတို့ အကြံပေးတွေ ယူမယ်၊ မြတ်ဖို့ ကိုအာမခံတယ်ဆိုတော့လစဉ် ဘယ် လောက်မြတ် တတ်လဲမေး လိုက်တယ်၊ အနည်းဆုံး ၄% ကနေ ၁၀% ဆိုတော့ နောက် တစ်မှတ်လျှော့
(ကျွန်တော်တလ ၁%မြတ်ဖို့ တောင် မလွယ်ဘူး သဘောထားတဲ့သူ)
၃၊၊ ညီလေးတို့ ဘာအကျိုးရှိလို့  ဒီမှာလာလုပ်တာ လဲ၊ ကျိန်းသေမြတ်မယ့် ဟာကို သူများအတွက် ဘာလို့ တွက်ပေးတာ လဲ၊ ကိုယ်ဟာကိုယ်ပဲလုပ်ပေါ့ လို့  မေးတော့ ငွေကြေးအသိပညာကိုမြန်မာနိုင်ငံ အတွက်ဖြန့် ဖြူးပေးချင်လို့ ပါဆိုတော့ အင်း နောက်တစ်မှတ်ထပ်လျှော့
(ဒါမျိုးသိပ်ပြောရင်မဟုတ်တော့ဘူး)
၎၊၊ နောက်တစ်ခုကပိုဆိုးတယ်၊ ကိုယ်မိတ်ဆွေတွေကိုဒီမှာရင်းနှီးမြုပ်နှံဖို့  မိတ်ဆက်ပေးရင်သူတို့ ရမယ့်အမြတ် ၄၀%ကနေ ၁၆%ပြန်ခွဲပေးမယ်တဲ့၊ (ဒီလောက်ဆိုသိလောက်ပါပြီ၊အဲဒါကို သိန်း၅၀၀၀ ထည့်ထားသူတောင်ရှိတယ်ဗျာ)
ဒီကိစ္စကြားတော့သူတို့ ကိုဖုန်းဆက်မေးလိုက် ပါတယ်၊ ဟုတ်လားဆိုပြီး၊ ဘာပြန်ဖြေလဲ ဆိုတော့ သူဌေးရဲ့လူယုံကငွေယူပြေးသွားတာ ပါ၊ တတ်နိုင်သလောက်ဖြေရှင်းပေးမယ်ပြော တယ်၊၊
(ရုပ်ရှင်ရိုက်လိုက် ပါပြီ၊ လူဆိုးတစ်ယောက်ပြပြီး ကျန်တဲ့သူတွေ မဆိုင်ဘူးလုပ်တော့မယ်)
ကျန်တာတွေကယုံချင်စရာ၊ မြန်မာကုမ္ပဏီမှတ်ပုံတင်တို့ Standard Bullion ရဲ့  အသိအမှတ်ပြုစာတို့ ကိုမှန်ဘောင် သွင်းထားတယ်၊ လာရှင်းပြတဲ့စာရွက်စာ တမ်းတွေ၊ ကြေငြာ စာရွက်တွေကအကောင်း စား၊ ရုံးခန်းကလည်းသားနားတယ်၊ Sarkura Tower မှာနှစ်ထပ် ယူထားတာ၊ လာရှင်းတဲ့ မန်နေဂျာကရှိုးအပြည့်၊ ထိုင်ခုံနေရာချထားတာ၊ မိတ်ဆက်ပေးတာကိုက ABC Role တွေ သုံးထားတယ်၊ စကားလုံးကြီးကြီးတွေပြော တယ်၊ ငယ်ငယ်တုန်းကကိုယ့်ကို ပထမဆုံး လိမ်သွားတဲ့ Falcon Global ကုမ္ပဏီ ကြောင့်နောက်တခါအလိမ်မခံ ရတော့တာ၊၊
Ko Naing





မှတ်ချက်များ