ကြက်တူရွေး ၈ကောင်၊ ကြွက်တစ်ကောင်နဲ့ မိတ်ဆွေဖြစ်တဲ့ ခွေးလေး
Bob လို့အမည်ရတဲ့ golden retriever အမျိုးအစား ခွေးဟာ အခြားသော အမျိုးအစား မတူ တိရစ္စာန်များအနဲ့ အပေါင်းအသင်း ဖြစ်နေပါတယ်။ ပိုင်ရှင်ဖြစ်တဲ့ Luiz Higa ဟာ အသက် ၄ လ အရွယ်ကတည်းက Bob ကို ရရှိပြီး တစ်နှစ်အတွင်း ကြက်တူရွေး နှစ်ကောင်ကို မွေးခဲ့ပါတယ်။ နောက်သိပ်မကြာခင် မှာပဲ ကြက်တူရွေး ၆ ကောင်နဲ့ Hamster ကြွက်မျိုး တစ်ကောင်ကိုပါ မွေးပါတယ်။
ပြီးတော့ ယင်း တိရစ္ဆာန်များကို တစ်အိမ်တည်းမှာ အတူထားပြီး အပြင်သွားလဲ ခေါ်သွားခေါ်လာရှိတာကြောင့် ယင်း အကောင်အားလုံးဟာ တစ်ကောင်ပေါ် တစ်ကောင် ချစ်ကြတဲ့ မိတ်ဆွေများ ဖြစ်လာပါတယ်။ အစားအသောက်စားတာကနေ အိပ်တာ အထိ အတူတူ တစ်ပူးတွဲတွဲ ရှိကြ ပါတယ်။ ကြက်တူရွေးနဲ့ Hamster တို့ဟာ ခွေးလေး bob အပေါ် တက်ဆော့ပါတယ်။ ပိုင်ရှင် Luiz ဟာ ခွေးလေး Bob အတွက် ဆိုရှယ်မီဒီယာ စာမျက်နှာ တစ်ခု လုပ်ပေးခဲ့ပြီး follower ပေါင်း ၇သောင်းခွဲကျော်အထိ ရှိလာပါတယ်။
နေ့စဉ် ယင်း တိရစ္ဆာန်များရဲ့ အတူယှဉ်တွဲနေထိုင်မှုများကို ပိုင်ရှင်ကိုယ်တိုင် ဓာတ်ပုံ ရိုက်၍ တင်နေခြင်း ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)










မှတ်ချက်များ