ရုရှားနိုင်ငံမှာ လိင်တူ လက်ထပ်ခွင့်ကိုဆန့်ကျင်တဲ့ Straight အလံ လွှင့်ထူ


ရုရှားနိုင်ငံ သမ္မတ Vladimir Putin ရဲ့ အစိုးရဟာ "Straight" အလံကို ဖန်တီးပြီး တန်းတူညီမျှရေးလိုချင်နေတဲ့ Gay(လိင်တူဆက်ဆံသူ) တွေကို ခြောက်လှန့်လိုက်ပါတယ်။ ထို "Straight" အလံတွေကို ရုရှားနိုင်ငံရဲ့ "မိသားစုနဲ့သစ္စာရှိခြင်းနေ့" တစ်နည်းအားဖြင့် ရုရှားနိုင်ငံရဲ့ ဗယ်လင်တိုင်းဒေး မှာ လွှင့်ထူခဲ့ပြီး ရုရှားနိုင်ငံ သမ္မတ ရဲ့ အုပ်ချုပ်ရေး ပါတီ က ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

ထို အလံမှာတော့ ရုရှားမိသားစု စံနှုန်းဖြစ်တဲ့ မိဘ ၂ ယောက်နဲ့ ကလေး ၃ ယောက် လက်ချင်းချိတ်ထားတဲ့ ရုပ်ပုံပဲ ဖြစ်ပါတယ်။ပိုပြီး ဆန်းကြယ်တာကတော့ ထိုအလံဟာ ရုရှား Hashtag တစ်ခုကို ကိုယ်စားပြုထားပြီး ထို Hashtag ကိုဘာသာပြန်ဆိုပါက "မိသားစု အစစ်တစ်ခု" လို့ အဓိပ္ပာယ်ရနေပါတယ်။ မော်စကိုမြို့မှာရှိတဲ့ ရုရှား ယူနိုက်တက် ရုံးခွဲရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်သူ Andrei Lisovenko က " ဒါဟာလိင်တူလက်ထပ်ခွင့်အတွက် ကျွန်တော်တို့ရဲ့တုံ့ပြန်မှုပဲ ။ 

ကျွန်တော်တို့ အခြောက်ရောဂါ ကို သတိပေးရပါမယ်။ပြီးရင် ရိုးရာ တန်ဖိုးတွေကို ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ပံ့ပိုးပေးရပါမယ်" လို့ ဆိုပါတယ်။ ရုရှားအစိုးရ ကိုယ်တိုင် ကြီးမှုး ပြီး လွှင့်ထူတဲ့ ထို Straight အလံဟာ ပြည်နယ်ပေါင်း ၅၀ မှာ တရားဝင် လိင်တူလက်ထပ်ခွင့် ပေးလိုက်တဲ့ အမေရိကကို စိန်ခေါ်လိုက်တာပါပဲ။

Trend Myannmar

မှတ်ချက်များ