Ant-Man ရုပ်ရှင်ကားနောက်ဆက်တွဲ ‘Ant-Man And The Wasp’ ကို Marvel Studios ကြေငြာ
Marvel ဟာ Ant-Man ရုပ်ရှင်ကားရဲ့အဆက် Ant-Man And The Wasp ကို ကြာသပတေးနေ့ က တရားဝင်ကြေငြာလိုက်ပါတယ်။ Marvel Cinematic Universe ရဲ့ ဒုတိယမြောက် Ant-Man ရုပ်ရှင်ကားကို ၂၀၁၈ ခုနှစ်၊ ဂျူလိုင်လ ၆ ရက်နေ့ မှာ ရုံတင်ပြသဖို့ မျှော်မှန်းထားပါတယ်။
ဒီရုပ်ရှင်ကားမှာ Scott Lang တဖြစ်လဲ Ant-Man ကို Paul Rudd ကပဲ သရုပ်ဆောင်မှာဖြစ်ပြီး Hank Pym ရဲ့ သမီးဖြစ်သူ Hope Pym ရဲ့ ဇာတ်ကောင်လည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ယခု Ant-man ရဲ့ နောက်ဆက်တွဲ ဇာတ်ကားဟာ အမျိုးသမီးဇာတ်ကောင်အမည်ကို ရုပ်ရှင်ကားအမည်မှာ ထည့်သွင်းထားတဲ့ Marvel ရဲ့ ပထမဆုံးရုပ်ရှင်ကားလည်းဖြစ်တယ်လို့ Marvel က သူတို့ ရဲ့ကြေငြာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
Disney ပိုင် Marvel Studios ရဲ့ ယခုကြေငြာချက်ဟာ သိပ်အံ့အားသင့်စရာမရှိဘဲ၊ ၂၀၁၅ ခုနှစ် Ant-Man ပထမကးဟာ ကန်ဒေါ်လာ ၂၃၁.၅ သန်းရှာပေးနိုင်ခဲ့တာမို့ ဒုတိယကားကို ဆက်ရိုက်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ဒါပေမယ့် ဒီ Ant-Man sequel ကြောင့် နောက်ထွက်မယ့် Black Panther နဲ့ Captain Marvel ကားတွေထွက်မယ့်ရက်စွဲတွေကို ပြောင်းလဲလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။
Marvel ရဲ့ ရက်ပြောင်းလဲပြင်ဆင်မှုကြောင့် Black Panther ဟာ ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှာ စောထွက်မှာဖြစ်ပြီး Ant-Man sequel က Black Panther ကား ထွက်မယ့်ရက်စွဲနေရာကို ရောက်သွားပါတယ်။ Captain Marvel ကိုတော့ ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့ မှာ ဖြန့် ချိမှာ ဖြစ်ပါတယ်။ Marvel ဟာ နာမည်မကြေငြာရသေးတဲ့ရုပ်ရှင်ကား သုံးကားထွက်မယ့် ရက်စွဲတွေဟာ ၂၀၂၀ ခုနှစ်၊ မေ ၁ ၊ ဇူလိုင် ၁၀ ရက်နေ့ နဲ့ နိုဝင်ဘာ ၆ ရက်နေ့ တို့ ဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
ye wint - Trend Myanmar

မှတ်ချက်များ