မျိုးရိုးဗီဇလွှမ်းမိုးသွားတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ကိုယ်ပွားလေးများ


ပုံတွေကိုကြည့်မယ်ဆိုရင် ကလေးတစ်ယောက်တည်းတွေရဲ့ ပုံတွေပဲဖြစ်မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ တူညီတဲ့ အသက်အရွယ်တစ်ခုမှာ အမှတ်မထင်ရိုက်ထားမိတဲ့ပုံတွေက အဖေ့ကိုယ်ပွားသား၊ အမေ့ကိုယ်ပွား သမီးတွေဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။

Facebook နဲ့ Reddit မှာတင်ထားတဲ့ ဒီပုံတွေအရဆိုရင် သစ်ပင်ပေါ်ကကြွေကျသွားတဲ့ပန်းသီးဟာ တစ်ခါတလေမှာ သိပ်အဝေးကြီးရောက်မသွားတတ်ပါဘူး။ မျိုးရိုးဗီဇတွေပေါင်းစပ်တယ်ဆိုတာ တကယ့်ကို ရှုပ်ထွေးတဲ့ ကိစ္စရပ်တစ်ခုပါ။ ပိုပြီးလွှမ်းမိုးမှုရှိတဲ့ မိဘရဲ့မျိုးရိုးဗီဇပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ရဲ့ မျိုးရိုးဗီဇတွေ ဖြစ်လာတယ်ဆိုတာ အခြေခံအချက်ပါပဲ။ ဥပမာအားဖြင့်၊ အမေရဲ့ ဆံပင်က သဘာဝရွှေရောင်၊ အဖေက ဆံပင်အနက်ဆိုရင် သူတို့ကလေးရဲ့ ဆံပင်က အနက်ဖြစ်လာဖို့ ပိုများပါတယ်။ ဆံပင်အနက်ရှိတဲ့ မျိုးရိုးဗီဇက ဆံပင်ရွှေရောင်မျိုးရိုးဗီဇကို လွှမ်းမိုးလို့ပါပဲ။

ဒီလိုကိစ္စမှာကြည့်မယ်ဆိုရင် ကိုယ့်ရဲ့အိမ်ထောင်ဘက်အပေါ် လွှမ်းမိုးမှုများတဲ့ မျိုးရိုးဗီဇတွေ အမြောက်အများရှိမှသာ ကိုယ်နဲ့တူတဲ့ ကိုယ့်ကိုယ်ပွားလေးတစ်ယောက် ထွက်ပေါ်လာနိုင်တယ်ဆိုတာ နားလည်သွားပါတယ်။ ဒါမျိုးဆိုတာက ရှာမှရှားပါပဲ။

ရှားတော့ရှားတယ်၊ ရှိတယ်ဆိုတာကလည်း ထင်ရှားပါတယ်။ Facebook ပေါ်မှာ share ထားတဲ့ အနေအထားတစ်မျိုးတည်း၊ ၀တ်စုံတစ်မျိုးတည်းနဲ့ အသက်တူတဲ့အခြေအနေမှာရိုက်ထားတဲ့ အဖေနဲ့သား၊ အမေနဲ့သမီး ပုံတူတွေကို ကြည့်ကြည့်မယ်ဆိုရင် အံ့အားသင့်ကုန်မှာပါ။

အမျိုးသမီးတစ်ယောက်ဆိုရင် မျိုးဆက် ၃ဆက်ရဲ့ ဓာတ်ပုံတွေကိုတောင် တင်ထားလိုက်ပါသေးတယ်။ သူရယ်၊ သူ့အမေရယ်၊ သူ့သမီးတို့ရဲ့ အသက် ၂နှစ်မှာရိုက်ကူးထားကြတဲ့ ပုံတူတွေပါ။

Skyler - သစ်ထူးလွင်
Ref:Daily Mail

မှတ်ချက်များ