![]() |
| နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ရုံးစိုက်ရာ လဟယ်မြို့ မြင်ကွင်း ။ ဓါတ်ပုံ - Nok Tun (fb) |
အဆိုပါ လဟယ်မြို့နယ် ပင်လုံ-ဟတ္ထိကျေးရွာတွင် ယခုလ(၅)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်တွင် တာဝန်ကျနေသည့် ဆရာမဖြစ်သူ ဒေါ်ခိုင်မာဌေးသည် ၎င်း၏နေအိမ်အတွင်း၌ တစ်ဦးတည်း ရှိနေစဉ် နန့်စလိန်တံတား လုံခြုံရေး ရဲကင်းတာဝန်ကျ ဒုတပ်ကြပ်တင်မျိုးမှ ရောက်ရှိလာပြီး၊ ရွာဦးဘုန်းကြီးကျောင်းမှ ဆရာတော်မှ ခေါ်ခိုင်းသည်ဟု ပြောဆိုသဖြင့် ထမင်းစားပြီးမှ လာခဲ့ရန် ပြန်လည် ပြောဆိုခဲ့သဖြင့် ဒုရဲတပ်ကြပ်မှာ ပြန်သွားခဲ့ကြောင်း သိရသည်။
ယင်းနောက် အဆိုပါဆရာမသည် ကျောင်းသူတစ်ဦးအား ဘုန်းကြီးကျောင်းသို့ သွားရန်အတွက် သူငယ်ချင်းဖြစ်သူ ဆရာမ ဒေါ်ဖြိုးမြတ်မော်အား သွားရောက် ခေါ်ရန် စေလွှတ်ခဲ့ကြောင်း၊ ဆရာမရောက် ရှိလာချိန်တွင် ဒုရဲတပ်ကြပ်မှ ရောက်ရှိလာပြီး ““ဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ ကလေးတွေကို စာကောင်းကောင်း သင်မပေးဘူးလား””ဟု ပြောဆိုသဖြင့် ဆရာမနှစ်ဦးနှင့် ဒုရဲတပ်ကြပ်တို့မှာ အချင်းချင်း စကားများ ခဲ့ကြောင်း၊ ၎င်းနောက် ဆရာမနှစ်ဦးသည် ဘုန်းကြီးကျောင်းသို့ ထွက်ခွာခဲ့ချိန်တွင် သေနတ်ပစ်သံ ကြားခဲ့ရကြောင်း ပထမ သတင်းပေးချက်များအရ သိရသည်။
ယင်းနောက် ဘုန်းကြီးကျောင်းသို့ ရောက်ရှိချိန်တွင် သီတင်းကျွတ်အက တိုက်နေသည့် ကလေးငယ်များအား တွေ့ရှိ၍ ဘုန်းကြီးမှ ခေါ်ခိုင်းသည့် ကိစ္စအား မေးမြန်းရာ ဘုန်းကြီးမှ မခေါ်ခိုင်းခဲ့ကြောင်း ပြန်လည်ပြောကြားနေစဉ် ၎င်းတို့အနီးသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး ဒုရဲတပ်ကြပ် တင်မျိုးမှ ဆရာမနှစ်ဦးအား နောက်မှနေ၍ သေနတ်ဖြင့် ချိန်ပစ်သည်ကို လက်ဖြင့်ပုတ်ချခဲ့သဖြင့် လွဲချော်သွားခဲ့ကြောင်း၊ ၎င်းနောက်ထပ်မံ၍ နောက်တစ်ချက်ပစ်ရန် ကြံရွယ်စဉ် သေနတ်အား အတင်း လုယူကာ သိမ်းဆည်းထား ခဲ့ကြောင်း ပြောပြခဲ့သည့်အတွက် အဆိုပါ ဆရာမနှစ်ဦးမှ ခန္တီးခရိုင် ပညာရေးမှူးရုံးသို့ တိုင်တန်းခဲ့ သည့်အတွက် ယင်းမှတစ်ဆင့် ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ အကြောင်းကြားခဲ့ကြောင်း မှုခင်းဖြစ်စဉ်များအရ သိရသည်။
ယင်းသို့ ဆရာမနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲတပ်ကြပ် တင်မျိုး အား အရေးယူထားပြီး ဖြစ်စဉ်အား စုံခုံဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနမှ ဆက်လက်သိရသည်။
The Messenger Media

မှတ်ချက်များ