![]() |
| ဓါတ်ပုံ - Zaw Shinn (fb) |
ယာဉ်တိမ်းမှောက်မှုကြောင့် ကိုလေးလွင်(ခ)ကိုဝင်း လေး(၃၇)နှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကိုဆန်းထူး(၄၈)နှစ် ပုသိမ်ကြီးမြို့နယ်၊ ကိုတင်မျိုးလေး(၂၃)နှစ် ဂျို့ကုန်း ကျေးရွာ လယ်ဝေးမြို့နယ်၊ မမီးမီး(၂၂)နှစ် ဂျို့ကုန်း ကျေးရွာ လယ်ဝေးမြို့နယ်နှင့် မသဲစုနှင်း တစ်နှစ် ငါးလ လယ်ဝေးမြို့နေသူတွင် ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ဖြစ်စဉ် နှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းရဲစခန်းက ယာဉ်မောင်းအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး) / The Mirror Daily

မှတ်ချက်များ